ရာသီမရွေး စိုက်ပျိုးရေရရှိရေး ဆင်တပ် လျှပ်စစ်မြစ်ရေတင်အား ဆိုလာစနစ် တွဲဖက်တပ်ဆင်ပေး

Type

 

ဒေါက်တာ တင်မာမာဦး
 

 

စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတွင်တည်ရှိပြီး ရှမ်းပြည်နယ်ပြီးလျှင် ဒုတိယအကြီးဆုံးသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဟုလည်း တင်စားရမည် ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၏ အဓိက စိုက်ပျိုးသီးနှံ များအနေဖြင့် စပါးသီးနှံအပါအဝင်  ပဲမျိုးစုံ၊ ဆီထွက် သီးနှံ၊   စက်မှုကုန်ကြမ်းသီးနှံ၊    နှစ်ရှည်သီးနှံနှင့် ဥယျာဉ်ခြံသီးနှံများ   စုံလင်စွာ   စိုက်ပျိုးထုတ်လုပ် လျက်ရှိပြီး တိုင်းဒေသကြီး၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအနေဖြင့်   စုစုပေါင်း  မြေဧရိယာ ဧက ၂၃၁ သိန်းကျော်ရှိသည့်အနက် အသားတင် စိုက်ပျိုးမြေ ၄၅ ဒသမ ၆ သိန်းကျော်ရှိရာ သီးထပ်၊ သီးညှပ် ဧက သိန်း ၉၀ ခန့်  စိုက်ပျိုးရေးလုပ်ငန်းများ  ဆောင်ရွက် လျက်ရှိသည့်    တိုင်းဒေသကြီးဖြစ်သည့်အတွက်  လယ်ယာကဏ္ဍသည်   တိုင်းဒေသကြီး၏   အဓိက အားထားရာ ကဏ္ဍတစ်ခုဖြစ်သည်။ 
စစ်ကိုင်းတိုင်းဒေသကြီးတွင်    ပုံမှန်မိုးရွာသွန်းမှု ရှိပါက တည်ဆောက်ထိန်းသိမ်းထားသော   ဆည် များ၊ ဒေသန္တရဆည်များ၊ မြစ်ရေတင်နှင့် မြေအောက် ရေလုပ်ငန်းများအရ       အကျိုးသက်ရောက်သည့် ဧရိယာများနှင့် မိုးကောင်းသောက်ဧရိယာများတွင် စပါး ၂ ဒသမ ၁ သန်း၊ ပဲမျိုးစုံ ၂ ဒသမ ၅ သန်း၊ ဆီထွက်သီးနှံ ၂ ဒသမ ၄ သန်း၊ အစေ့ထုတ်ပြောင်း သီးနှံတွင် ၁ ဒသမ ၉ သိန်း၊ ကြံ သုံးသိန်းနှင့် အခြား စက်မှုကုန်ကြမ်းသီးနှံများ၊   နှစ်ရှည်သီးနှံများဖြင့် စုစုပေါင်း စိုက်ပျိုးဧရိယာ  ကိုးသန်းခန့်ဖြင့် သီးနှံ စုံလင်စွာ   စိုက်ပျိုးသော  တိုင်းဒေသကြီးတစ်ခုဖြစ် သည်။
ဆိုလာစွမ်းအင်သုံး ရေတင်စနစ်ကို  အသုံးပြုလျက်ရှိ
ထိုသို့ သီးနှံစုံ စိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ် သည့် စိုက်ပျိုးရေအား   အဓိကအားဖြင့်   မိုးရေနှင့် ဆည်ရေကိုသာ အဓိကထား စိုက်ပျိုးကြသည့်အပြင် ယခုလက်ရှိအချိန်တွင်   လျှပ်စစ်၊  လောင်စာဆီနှင့် သဘာဝနေရောင်ခြည်ဖြစ်သည့်  ဆိုလာစွမ်းအင်သုံး ရေတင်စနစ်များကို  အသုံးပြု၍ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်လျက်ရှိသည်။ 
၂၅-၁၀-၂၀၂၁         ရက်တွင်    ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့  အစည်းအဝေးအမှတ်စဉ် (၂ /၂၀၂၁) တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က      “မြစ်ချောင်းများအနီး စိုက်ပျိုးရေးလုပ်ငန်းများတွင် ရာသီမရွေး စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် မြစ်ရေတင်စီမံကိန်း များအား ထိထိရောက်ရောက်  အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊   ထိုသို့ဆောင်ရွက်ရာ တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင် ခြည်စွမ်းအင်သုံး            မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်နိုင်မည်ဆိုပါက      စိုက်ပျိုးရေများ လုံလောက်စွာရရှိပြီး   အကျိုးဖြစ်ထွန်းစေမည်ဖြစ် ကြောင်း ”  လမ်းညွှန်ချက်နှင့်အညီ  စစ်ကိုင်းတိုင်း ဒေသကြီး    အစိုးရအဖွဲ့အနေဖြင့်      တိုင်းဒေသကြီး အတွင်း     စိုက်ပျိုးရေဖူလုံစွာ    သုံးစွဲနိုင်ရေးနှင့်  သဘာဝအရင်းအမြစ်များကို   စရိတ်သက်သာစွာ ရေရှည်အသုံးပြုနိုင်ရေးအတွက်    လက်ရှိအသုံးပြု လျက်ရှိနေသည့်  လျှပ်စစ်မြစ်ရေတင်စီမံကိန်းများ ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နေရောင်ခြည်သုံး ဆိုလာစနစ်ဖြင့်   ပြောင်းလဲအသုံးပြုနိုင်ရေး   စီမံ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ စီမံဆောင်ရွက်လျက်ရှိရာ  စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့်  ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)   မှ   စစ်ကိုင်းခရိုင်  စစ်ကိုင်းမြို့နယ် ဆင်တပ် လျှပ်စစ်မြစ်ရေတင်    အဆင့်(၂)ရှိ    ၁၆၀ ကီလိုဝပ်  မော်တာနှစ်စုံကို    ဆိုလာစနစ်တွဲဖက် တပ်ဆင်ခြင်းဖွင့်ပွဲအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင်     ကျင်းပရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊    တိုင်းဒေသကြီး၊    ခရိုင်နှင့်   မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။ 
စိုက်ပျိုးရေပေးဝေရာတွင် ဆိုလာစနစ် တွဲဖက် တပ်ဆင်အသုံးပြုခြင်းအားဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်၍ အရင်းအမြစ်ကုန်ခန်းနိုင်မှု မရှိခြင်း၊ လေထု ညစ်ညမ်းမှု မရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းကို အထောက်အကူပြုခြင်း၊ လျှပ်စစ် ဓာတ်အားခ   ကုန်ကျစရိတ်သက်သာပြီး  ရေတင်မှ သုံးစွဲမည့်  လျှပ်စစ်ဓာတ်အားကို  အခြား လိုအပ်မည့် နေရာများသို့  ဖြန့်ဝေပေးနိုင်ခြင်း၊   ဒီဇယ်အင်ဂျင်သုံး ရေတင်သော  လုပ်ငန်းများတွင် အစားထိုး တပ်ဆင် အသုံးပြုနိုင်ခြင်းကြောင့် ဒီဇယ်ဆီသုံးစွဲမှု လျှော့ချနိုင် ခြင်း၊ လျှပ်စစ်ဓာတ်အား ရရှိနိုင်မှုမရှိသော ဒေသ များတွင် အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်ခြင်း ကြောင့် ရေသွင်းစိုက်ပျိုးလာနိုင်ခြင်း၊ တစ်နိုင်တစ်ပိုင် ဆိုလာ ရေတင်စနစ်များတွင် တစ်နေရာမှ တစ်နေရာ သို့ ရွှေ့ပြောင်း၍  အသုံးပြုနိုင်ခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။ 
ဆင်တပ်     လျှပ်စစ်မြစ်ရေတင်လုပ်ငန်းသည် စစ်ကိုင်းတိုင်းဒေသကြီး    စစ်ကိုင်းခရိုင်  စစ်ကိုင်း မြို့နယ်   ဆင်တပ်ကျေးရွာအနီး   ဧရာဝတီမြစ်၏ မြောက်ဘက်ခြမ်းတွင်တည်ရှိပြီး       ဒေသဝမ်းစာ ဖူလုံရေးအတွက်  စိုက်ပျိုးရေနှင့်  သောက်သုံးရေ ပေးဝေလျက်ရှိသော လျှပ်စစ်မြစ်ရေတင် လုပ်ငန်း တစ်ခုဖြစ်ပြီး ဧရာဝတီမြစ်ရေကို ရေစုပ်စက်ကြီးများ ဖြင့် စုပ်တင်၍   မြောင်းမကြီးမှတစ်ဆင့်   ရေတင် အဆင့် လေးဆင့်ဖြင့် ပင်မမြောင်း ၇ ဒသမ ၅၅ မိုင်၊ လက်တံ/ လက်တံခွဲမြောင်း  ၆၃ ဒသမ ၃၅ မိုင်မှ စိုက်ပျိုးမြေဧက ၄၂၀၀ ကို  နွေ၊ မိုး၊ ဆောင်း သုံးသီး   စိုက်ပျိုးရေပေးဝေနိုင်စေရန်        တည်ဆောက်ထား သည့် လျှပ်စစ်မြစ်ရေတင်တစ်ခု  ဖြစ်သည်။ 
ဆင်တပ်လျှပ်စစ်မြစ်ရေတင်          လုပ်ငန်းတွင် ရေတင်အဆင့်  လေးဆင့်   ပါဝင်ပြီး   ရေတင်အဆင့် အလိုက် တပ်ဆင်ထားသော  ရေစုပ်စက်၊   လျှပ်စစ် မော်တာနှင့်  တပ်ဆင်ထားရှိသည့်   အရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
စိုက်ပျိုးရေဖူလုံစွာ ပေးဝေနိုင်
စစ်ကိုင်းခရိုင်   စစ်ကိုင်းမြို့နယ်    ဆင်တပ် လျှပ်စစ်မြစ်ရေတင် အဆင့်(၂)ရှိ  ၁၆၀ ကီလိုဝပ် မော်တာနှစ်စုံကို        ဆိုလာစနစ်တွဲဖက်တပ်ဆင် လုပ်ငန်းဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့်   စိုက်ပျိုး မြေဧက ၄၀၀ ကို လျှပ်စစ်မီးမလိုဘဲ ဆိုလာစနစ် ဖြင့် စိုက်ပျိုးရေဖူလုံစွာ ပေးဝေနိုင်မည် ဖြစ်သည်။


လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများကို   လာမည့်ဘဏ္ဍာနှစ်များတွင်  ဆက်လက် ဆောင်ရွက်သွားမည်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ       လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများကို   ဆောင်ရွက်ပေးလျက်ရှိရာ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်  တိုင်းဒေသကြီးအထွေထွေပိုလျှံ ရန်ပုံငွေဖြင့်  မြင်းမူမြို့နယ် ပျော့ရွာရေတင် အဆင့် (၂) ရှိ  ၂၀ ကျူးဆက်ပန့် + ၁၃၂ ကီလိုဝပ် မော်တာ သုံးစုံ ၊   ပျော့ရွာရေတင် အဆင့်(၃) ရှိ  ၁၅ ကျူးဆက်ပန့်+  ၉၀ ကီလိုဝပ်မော်တာ နှစ်စုံနှင့် ကန့်ဘလူမြို့နယ် ကတ-၉၂ ရေတင်ရှိ    ၇ ဒသမ ၇ ကျူးဆက်ပန့် + ၃၀ ကီလိုဝပ်   မော်တာနှစ်စုံ တို့အတွက်  ဆိုလာပါဝါ ၀ ဒသမ ၉၅၄ မဂ္ဂါဝပ်  တပ်ဆင်ပေးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget)  တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေဖြင့် စစ်ကိုင်းမြို့နယ် တပ်ရွာရေတင်ရှိ  ၃၀ ကျူးဆက် ပန့်+ ၄၅၀ ကီလိုဝပ်မော်တာ တစ်စုံ၊ ဆင်တပ်ရေတင် အဆင့်(၂)ရှိ   ၂၀ ကျူးဆက်ပန့် + ၁၆၀ ကီလိုဝပ် မော်တာနှစ်စုံနှင့်  မြင်းမူမြို့နယ် ပျော့ရွာ ရေတင် အဆင့် (၁)ရှိ  ၃၀ ကျူးဆက်ပန့် + ၂၅၀ ကီလိုဝပ် မော်တာနှစ်စုံတို့အတွက်  ဆိုလာပါဝါ ၁ ဒသမ ၆၅၁  မဂ္ဂါဝပ်   တပ်ဆင်လျက်ရှိပြီး ၂၀၂၂ - ၂၀၂၃   ဘဏ္ဍာ နှစ် တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေဖြင့် မုံရွာခရိုင် မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့ရှိ  စိုက်ပျိုးရေ စက်ရေတွင်း ၂၀ အတွက်  ဆိုလာပါဝါ ၀ ဒသမ ၆၄   မဂ္ဂါဝပ်တို့ကို        အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိရာ စုစုပေါင်းတပ်ဆင်ဆဲ ဆိုလာ ပါဝါ  ၁ ဒသမ ၈၇၅    မဂ္ဂါဝပ်နှင့်   ယခု   ဆင်တပ် မြစ်ရေတင်အပါအဝင်     စုစုပေါင်း    ဆိုလာပါဝါ   ၁  ဒသမ  ၃၇   မဂ္ဂါဝပ်  တပ်ဆင်ပြီးစီးပြီဖြစ်ရာ   ဆင်တပ်လျှပ်စစ် မြစ်ရေတင်လုပ်ငန်းမှ ကျန်ရှိသည့်   ရေတင်အဆင့်သုံးခုကိုလည်း       လာမည့်ဘဏ္ဍာ နှစ်များတွင်         ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ 
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း တိုင်းဒေသ ကြီး အထွေထွေပိုလျှံရန်ပုံငွေဖြင့် မုံရွာခရိုင် လျှပ်စစ် စက်ဝိုင်း လေးခုအတွင်းရှိ မုံရွာမြို့နယ်မှ စက်ရေတွင်း ၁၈ တွင်းနှင့်  ချောင်းဦးမြို့နယ်မှ  စက်ရေတွင်း နှစ်  တွင်း စုစုပေါင်း တွင်း ၂၀ ကို ဆိုလာစနစ် တွဲဖက် တပ်ဆင်ရန်    လျာထားဆောင်ရွက်လျက်ရှိရာ လျှပ်စစ်မီတာခ  ကုန်ကျစရိတ်  သက်သာစွာဖြင့် စိုက်ပျိုးသီးနှံများကို   နွေ၊  မိုး၊  ဆောင်း   တစ်နှစ် ပတ်လုံး စိုက်ပျိုးရေများပေးဝေနိုင်မည်ဖြစ်ပြီး အခြေ အနေပေးသည့်  ကျန်မြစ်ရေတင်  စီမံကိန်းများနှင့်  လျှပ်စစ်စက်ဝိုင်းများအတွင်းရှိ   စက်ရေတွင်းများ တွင်လည်း ဆိုလာစနစ်ဖြင့် ပြောင်းလဲအသုံးပြုနိုင် ရေးကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်သဖြင့် ယခင်က   မိုးရေကိုသာ   မှီခိုအားထား စိုက်ပျိုးခဲ့ကြရသည့် တောင်သူများအနေဖြင့်  ယခု အခါတွင် ဆည်များ၊ တာတမံများ၊ မြစ်ရေတင်များ၊ မြေအောက်ရေလုပ်ငန်းများ တည်ဆောက်ပေးခြင်း ကြောင့်  သီးနှံမျိုးစုံကို   တစ်သီးစားမှ သုံးသီးစား ပြောင်းလဲ၍   တစ်နှစ်ပတ်လုံး   စိုက်ပျိုးနိုင်ကြပြီ ဖြစ်ရာ   တိုင်းဒေသကြီး၏ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ခြင်းမှသည် ဒေသခံတောင်သူများအတွက် ရေရှည်အကျိုးစီးပွား ဖန်တီးပေးနိုင်မည်ဖြစ်ကာ လူမှုစီးပွားဘဝ      ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါ ကြောင်း တင်ပြလိုက်ရသည်။     ။