ခါတစ်ခေါက် လာရောက် လည်ပတ်စေချင် စစ်ကိုင်းတစ်ခွင်
ဒေါက်တာ တင်မာမာဦး( စစ်ကိုင်း)
စစ်ကိုင်းဟုဆိုကြလျှင် စစ်ကိုင်းတောင်၊ မင်းဝံ တောင်နှင့် မင်းကွန်းဒေသများသည်လည်း ခွဲခြား၍ မရသောအရာများ ဖြစ်သည်။ စစ်ကိုင်းတောင်ပေါ် တွင် ရာပေါင်းများစွာသောဘုရားများကို ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် တွေ့မြင်နိုင်သည်။ စစ်ကိုင်းတောင်နှင့် မင်းကွန်းဒေသများသည် တရားအားထုတ်ရာ စခန်း များဖြင့်လည်း လူသိများလှသည်။ ဧရာဝတီမြစ်နှင့် အပြိုင် တည်ရှိနေသော စစ်ကိုင်းတောင်ရိုးပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုး များ၏ ခံ့ညားလှပသော ရှုခင်းများသည်လည်း လာရောက်လည်ပတ်သည့် ဧည့်သည်များအား ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။