တိုင်းပြည်ကာကွယ်ရေးနှင့် ခေတ်မီမျိုးချစ် တပ်မတော်
မောင်သောင်းဝင်း (တမန်ဟောင်း)
နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်နက်နယ်မြေများ လက်လွှတ်မဆုံးရှုံး ရေး၊ ပြည်သူများ၏ ဘ၀လုံခြုံရေး၊ အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် ပြည်တွင်း ပြည်ပ အန္တရာယ်ရန်စွယ် မှန်သမျှကို တိုက်ထုတ်ချေမှုန်းနိုင်ရေး အတွက် အင်အားတောင့်တင်း ခိုင်မာ သည့် ခေတ်မီမျိုးချစ်တပ်မတော်တစ်ရပ် ရှိနေရန် လိုအပ်ပေသည်။ ထိုဦးတည်ချက် များနှင့်အညီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင်လည်း မျိုးချစ် တပ်မတော်ကို ဖွဲ့စည်းထားလျက်ရှိသည်။ ပြည်ထောင်စုတပ်မတော်သည် ခေတ် အဆက်ဆက်တွင် အမျိုးသားရေးတာဝန် များကို ကျေပွန်အောင် ထမ်းဆောင်လျက် ရှိပေသည်။