အမျိုးသားစာပေ တစ်သက်တာဆုရပုဂ္ဂိုလ် ကျမ်းပြုစာဆို မောင်မောင်ညွန့် (မန်းတက္ကသိုလ်)
ရွှေသာဦး (စာပေဗိမာန်)
“… ပညာရှာသူတို့အတွက် ကျေးဇူးများ သော ဤကျမ်းကို ပြုစုရသောကောင်းမှု ကြောင့် ဖြစ်လေရာ ဘဝတိုင်း၌ ပညာ ကြီးမားပြီး အများအကျိုးကို ဆောင်ရွက် နိုင်သောကိုယ် ဖြစ်ရပါလို၏။ ကြံစည်ကာ မျှဖြင့် မိမိ၏အကျိုးစီးပွားများ ပြီးပြည့်စုံ သကဲ့သို့ သတ္တဝါတို့၏ လိုအင်ဆန္ဒဟူသမျှ သည်လည်း လွယ်လွယ်ကူကူနှင့် ပြီးစီး အောင်မြင်ပါစေသတည်း” ဆရာကြီး မောင်မောင်ညွန့် (မန်းတက္ကသိုလ်) ၏ (“ရှေးခေတ် မြန်မာစာပေဆိုင်ရာကျမ်း များ လေ့လာမှု” စာအုပ်၊ နိဂုံးနှင့် ဆုပန်လွှာမှ ကောက်နုတ်ချက်)