
(၇၇) နှစ်မြောက် တပ်မတော်နေ့ အကြိုဂုဏ်ပြုဆောင်းပါး
မြင့်မြတ်
နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော် ဟာ အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်ဖို့၊ ခေတ်မီတဲ့ မျိုးချစ် တပ်မတော် တစ်ရပ်ဖြစ်ဖို့ လိုအပ်နေပါ တယ်။
အင်အားသည်သာအဓိက
ယနေ့ကမ္ဘာမှာ ကိုယ့်ဩဇာမခံတဲ့ နိုင်ငံငယ်တွေကို အင်အားသုံး (hard power) နဲ့ ကျူးကျော်တိုက်ခိုက်သိမ်းပိုက် တာတွေအပြင် စစ်ရေးနည်းလမ်း မဟုတ်တဲ့ ခေတ်သစ်ကိုလိုနီ ကျွန်ပြုမှု တွေကိုပါ တွေ့လာနေရတယ်။ နိုင်ငံ တစ်နိုင်ငံက အခြားနိုင်ငံ တစ်နိုင်ငံ အပေါ်မှာ နိုင်ငံရေးအရ၊ စီးပွားရေး၊ လူမှုရေးအရ၊ ဘာသာရေးအရ၊ အတွေး အခေါ် (soft power) အရ ဩဇာလွှမ်းမိုး အကဲသာမှုရယူပြီး အမြတ်ထုတ်တဲ့ ခေတ်သစ်ကိုလိုနီပြု နည်းတစ်မျိုးကို အများဆုံးတွေ့လာရတယ်။
စစ်ရေးနည်းအရ ကျူးကျော် သိမ်းပိုက်တဲ့ နမူနာပုံစံတွေကို အာဖဂန် နစ္စတန်၊ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား စစ်ပွဲတွေမှာ မြင်ကြည့်နိုင်ပါတယ်။ စစ် အင်အား၊ စီးပွားရေးအင်အား၊ နည်းပညာ အင်အား အဘက်ဘက်က အဆမတန် သာလွန်တောင့်တင်းတဲ့ နိုင်ငံတွေဟာ အင်အားကြီးနိုင်ငံတွေပဲ ဖြစ်ပါတယ်။
ယနေ့ခေတ်မှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကိုယ်တိုင်စစ်မခင်းကြတော့တဲ့ ဆန့်ကျင် ဘက် အင်အားကြီးနိုင်ငံတွေ ကိုယ်စား သူ့ဘက်၊ ကိုယ့်ဘက် နိုင်ငံငယ်တွေဟာ Proxy war (ကြားခံကိုယ်စားပြုစစ်ပွဲပုံစံ) နဲ့ ကိုယ့်ပိုင်နက်ကို စစ်တလင်းအဖြစ် ခံပြီးမှ မသိမသာ ကျွန်ပြုခံနေရတဲ့နိုင်ငံ တွေကို တွေ့လာရတယ်။ လက်ရှိရုရှား-ယူကရိန်းစစ်ပွဲကိုပဲ ကြည့်ပါ။ တစ်ဖက် က အမေရိကန်၊ နေတိုးစတဲ့နိုင်ငံတွေ ကိုယ်စား ရုရှားနဲ့ စစ်တိုက်နေရတဲ့ ယူကရိန်းရဲ့ ကြားခံစစ်ပွဲပုံစံကို လွယ်လွယ်ကူကူမြင်နိုင်ပါတယ်။
ရုရှားလို မဟာဗျူဟာမြောက် နျူကလီးယားလက်နက်တွေ ပိုင်ဆိုင် ထားတဲ့ စစ်အင်အားကြီးနိုင်ငံကြီး တစ်နိုင်ငံကို ကိုယ်တိုင်စစ်ပွဲမနွှဲလိုတဲ့ နေတိုးနဲ့ အမေရိကန်ဟာ သူတို့ ထောက်ပံ့တဲ့ မဖြစ်စလောက် လက်နက် တွေနဲ့ ခံတိုက်နေရတဲ့ ယူကရိန်း ကို ကိုလိုနီဇာတ်သွင်းနေတယ်ဆိုတာ ထင်ရှားလှပါတယ်။ အနောက်အုပ်စု လိုချင်တာက အမေရိကန်ကို ပခုံးချင်း ယှဉ်လာတဲ့ ရုရှားနိုင်ငံကြီး ယူကရိန်းကို စစ်ပြုရင်းနဲ့ အဘက်ဘက်က အင်အား ချည့်နဲ့ ဆုတ်ယုတ်သွားစေဖို့ဖြစ်ပြီး ဒီရည်မှန်းချက်အတွက် အနောက်အုပ်စု ကိုယ်စား ယူကရိန်းကို ကိုယ်စားပြု စစ်ပွဲဆင်နွှဲခိုင်းခြင်းပဲဆိုတာ တွေ့နေရပါ တယ်။
သုံးသပ်ရရင် ခေတ်မီတဲ့တပ်မတော် နဲ့ စစ်ရေး၊ စီးပွားရေးအင်အား တဖြည်း ဖြည်း တိုးတက်လာနေတဲ့ ရုရှားနိုင်ငံ ကြီးဟာ ယခင်စစ်အေးခေတ်ကလို အမေရိကန်ကို ရှိန်မနေတော့တဲ့အပြင် အမေရိကန်နဲ့ အပေါင်းပါတို့ရဲ့ ဘက် ပေါင်းစုံက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မိမိရဲ့ စစ်ရေး၊ စီးပွားရေးအင်အားတွေနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အင်အားသည်သာ အခရာ၊ အထူးသဖြင့် အင်အားကြီးသူသာ အမှန်တရားဆိုတဲ့ သဘောတရားကို ယနေ့ကမ္ဘာ့ဖြစ်စဉ်တွေအရ ထင်ထင် ရှားရှား တွေ့မြင်လာ ရပြီဖြစ်ပါတယ်။
အင်အားအပြိုင်အဆိုင်တည်ဆောက်
ယနေ့ကမ္ဘာမှာ နိုင်ငံတိုင်းဟာ မိမိနိုင်ငံ အမျိုးသားအကျိုးစီးပွား (National interest) သက်သက်ကိုပဲ အဓိကရှေးရှုပြီး အင်အားကိုအပြိုင် တည်ဆောက်နေကြပါတယ်။ အင်အား ကြီးသည် အင်အားငယ်သည်မဟူ၊ အင်အားကြီးနိုင်ငံတွေကလည်း ကမ္ဘာ မှာ မိမိဩဇာလွှမ်းမိုးဖို့၊ အင်အားသေး နိုင်ငံတွေကလည်း တစ်ပါးနိုင်ငံတွေရဲ့ ကျူးကျော်မခံရဖို့ စစ်ရေး၊ စီးပွားရေး အင်အား အပြိုင်အဆိုင် တည်ဆောက်နေ ကြရတယ်။ အင်အားဆိုတဲ့နေရာမှာ အထူးသဖြင့် စစ်ရေးအင်အား (military might) ကို ပိုပြီးအလေးထားလာကြ တာကို တွေ့ရမှာဖြစ်တယ်။
စီးပွားရေးအင်အား မတောင့်တင်း တာကို ထားဦး၊ စစ်ရေးအင်အားတစ်ခု တည်းနဲ့ နိုင်ငံကြီးတွေ အထူးလေ့လာစောင့်ကြည့်သတိထားခံနေရပြီး အဏုမြူ လက်နက်နဲ့ ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင် တဲ့ မြောက်ကိုရီးယားလို နိုင်ငံကို နမူနာ အဖြစ်တွေ့ရပါလိမ့်မယ်။ စီးပွားရေးအရ အားနည်းမှုကို စစ်အင်အားနဲ့ ထိန်းညှိနိုင် တဲ့ အခြေအနေတစ်ခုက သင်ခန်းစာ ယူစရာပဲဖြစ်ပါတယ်။
ယနေ့ခေတ်မှာတော့ ဝေဟင်နဲ့ ပင်လယ်ပြင်ကို စိုးမိုးနိုင်သူဟာ ကမ္ဘာကို စိုးမိုးနိုင်တဲ့ အနေအထားဖြစ်လာတဲ့ အတွက် နိုင်ငံအသီးသီးဟာ လေတပ်၊ ရေတပ်တွေကို တိုးချဲ့တည်ဆောက်လာ ကြတာကို တွေ့ရပါတယ်။ မျိုးဆက် အဆက်ဆက်ဖြစ်လာတဲ့ တိုက်လေ ယာဉ်တွေ၊ လေယာဉ်တင်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ၊ အဖျက်စွမ်းအား ကြီးပြီး နျူကလီးယားလက်နက်ပါ သယ်ဆောင်နိုင်တဲ့ ဒုံးလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်လာကြတာကို တွေ့ရပါတယ်။ ရန်သူကို အငိုက်မိစေ တဲ့ မောင်းသူမဲ့ခေတ်မီဒရုန်းတွေရဲ့ စွမ်းပကားကို အဇာဘိုင်ဂျန်နဲ့ အာမေးနီး ယမ်းစစ်ပွဲမှာ သတိထားမိပါလိမ့်မယ်။
စစ်အင်အားသာမက စီးပွားရေးအင်အားလည်းရှိဖို့လို
နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားအကျိုး စီးပွားကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းနိုင်ဖို့က စစ်အင်အားတင်မက စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင်နဲ့ စီးပွားရေး အင်အားကြီးဖြစ်ဖို့လည်း လိုပါတယ်။ စီးပွားရေးက နိုင်ငံရေးပါဝါနဲ့ စစ်ရေးပါဝါကိုပါ အထောက်အကူပြုလို့ ဖြစ်ပါတယ်။
အိမ်နီးချင်း တရုတ်နိုင်ငံကြီးကို ကြည့်လိုက်ပါ။ ၂၀၃၀ ပြည့်နှစ်မှာ တရုတ်ရဲ့ GDP ဟာ အမေရိကန်နိုင်ငံ ရဲ့ GDP ကိုကျော်ပြီးကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံ ဖြစ်လာတော့မယ်လို့ အသေအချာ ခန့်မှန်းထားပြီး ဖြစ်နေပါပြီ။ ယခုနှစ် တွက်ချက်မှုအရ ခန့်မှန်းတာထက် နှစ်နှစ်ခန့်စောပြီး အမေရိကန်နိုင်ငံကို ဖြတ်ကျော်သွားမယ့် အနေအထားမှာ ရှိနေတယ်လို့ဆိုပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ အမေရိကန်ကို စိန်ခေါ် နိုင်တဲ့အနေအထား၊ ကမ္ဘာ့အရေးအရာ တွေမှာ လွှမ်းမိုးနိုင်တဲ့အခြေအနေတွေ မှာ ရောက်နေပြီဆိုတာ တွေ့ရမှာဖြစ်ပါ တယ်။
ခိုင်မာတောင့်တင်းတဲ့ တပ်မတော် Institution ကသာလျှင်..
“ကာကွယ်ခြင်းသည် ကုသခြင်း ထက် ပိုကောင်းသည်”ဆိုတဲ့ ဆိုရိုး စကားတစ်ခုဟာ ဆေးပညာရပ်ဆိုင်ရာ နယ်ပယ် အတွက်သာမက နိုင်ငံကာကွယ် ရေးနဲ့လည်း အများကြီး သက်ဆိုင်ပါ တယ်။ ရောဂါမဖြစ်အောင် ကာကွယ်ဖို့ ကိုယ်ခံအားကောင်းဖို့လိုသလို ကျွန်တော် တို့နိုင်ငံရဲ့ အသက်တမျှ အရေးကြီးလှ တဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ် ဖို့နိုင်ငံရဲ့တပ်မတော်တစ်ရပ်ဟာ ခေတ်မီ အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်နေဖို့ လိုပါတယ်။
နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်မယ့် တပ်မတော်တစ်ရပ် ဟာ မျိုးချစ်စိတ်ဓာတ်လည်း ထက်သန် ပြင်းပြနေရမှာ ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပကနေ မမှန်ကန်တဲ့စွပ်စွဲချက်တွေနဲ့ တပ်မတော်ပြိုကွဲအောင် လုပ်နေကြတဲ့ နိုင်ငံရဲ့ ပကတိအခြေအနေများအရ အမျိုးသားအကျိုးစီးပွားကို ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်နိုင်ဖို့ နိုင်ငံသား တိုင်း အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိ တယ်ဆိုပေမယ့် ခိုင်မာတဲ့ institution တစ်ခုအနေနဲ့ဆိုရင် အစဉ်အလာကောင်း ရှိခဲ့တဲ့ တပ်မတော်ကသာ ကောင်းမွေ၊ ဆိုးမွေကို အနာဂတ်အထိ ဆက်လက် ခံယူ ကာကွယ်စောင့်ရှောက်သွားနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ဂုဏ်သိက္ခာအတွက် တပ်မတော်သားတွေကသာလျှင် မိမိရဲ့ အသက်၊ သွေး၊ ချွေးကို စွန့်လွှတ်ပေးဆပ်၊ အနစ်နာခံလိုစိတ် ပိုမိုပြင်းပြတဲ့အတွက် ကြောင့်လို့ ယူဆပါတယ်။
ဒို့အရေးသုံးပါးကို အခြေခံထားတဲ့ အမျိုးသားအကျိုးစီးပွား
လက်ရှိအရှိတရားအရ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို တစ်မျိုးသား လုံး၊ တိုင်းရင်းသားလူမျိုးအားလုံးနဲ့ဆိုင် တဲ့ ဒို့အရေးသုံးပါးအပေါ် အခြေခံထား ပါတယ်။ အရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံရဲ့ လုံခြုံရေးကို အာမခံနိုင်ဖို့အတွက် ပြည်ထောင်စုကြီးမပြိုကွဲဖို့၊ တိုင်းရင်း သားအားလုံး စုစည်းညီညွတ်ကြဖို့၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့ ဆိုတဲ့ သတိရှိရမယ့် အရေးသုံးပါးဟာ တစ်မျိုးသားလုံးရဲ့အရေး၊ တပ်မတော်ရဲ့ အရေးဖြစ်လာပါတယ်။
အင်အားကြီး နိုင်ငံတွေကြားမှာ တပ်မတော်မရှိဘဲ နိုင်ငံဟာ ဘယ်လိုမှ ရပ်တည်လို့ မရပါဘူး။ ဒါကြောင့် နိုင်ငံ ရဲ့အရေးကြီးတဲ့ အမျိုးသားရေး ဒို့အရေး သုံးပါးကို ကာကွယ်စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ သို့မှသာ တိုင်းရင်းသား ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် နဲ့ ဘာသာတရား၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာကောင်းတွေ၊ နိုင်ငံရဲ့ နယ်နိမိတ်၊ အချုပ်အခြာနဲ့ နိုင်ငံ ရဲ့ အနာဂတ်ကို ထာဝစဉ်ကာကွယ် စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တပ်မတော်ရဲ့အင်အားကို ကျစ်လျစ်ခိုင်မာ တောင့်တင်းအောင် အစဉ်တစိုက် ကြိုးပမ်းအကောင်အထည် ဖော်နေရမှာဖြစ်ပါတယ်။
ယနေ့ကာလကို ပြန်ကြည့်ရင် စစ်အေးလည်းမဟုတ်၊ စစ်နွေးလည်း မဟုတ်၊ စစ်ပူကာလတစ်ခုကို ကမ္ဘာ့ ပြည်သူတွေ ရင်ဆိုင်နေရပြီဆိုတာ တွေ့ရပါမယ်။ ကိုယ်ပိုင်အမျိုးသား အကျိုးစီးပွား အယူအဆတွေအပေါ် အခြေခံတဲ့ နိုင်ငံကြီးတွေရဲ့ ပြိုင်ဆိုင်မှု တွေဟာ စစ်ပွဲကြီးအသွင်တော့ဖြစ်မသွား ဘဲ ကြားခံနယ်မြေတွေမှာပဲ စစ်ပွဲငယ် လေးတွေ ဖန်တီးပြီး အသုံးချခံရမယ့် ကန့်သတ်စစ်အနေအထားတွေ ပိုများ လာတာ သတိပြုစရာပါ။ တောင်အာရှ၊ အရှေ့တောင်အာရှနဲ့ အရှေ့အာရှတို့ ဆုံရာ ပထဝီအနေအထားအရ အချက် အချာကျလွန်းတဲ့ မြန်မာနိုင်ငံအတွက် တော့ အထူးသတိထားရမှာ ဖြစ်ပါတယ်။
မိမိတို့နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အချုပ်အခြာအာဏာ ပိုင်နိုင်ငံ တစ်နိုင်ငံလည်းဖြစ်တဲ့အတွက် လွတ်လပ်ရေးမဆုံးရှုံးဖို့နဲ့ အချုပ်အခြာ အာဏာတည်မြဲဖို့၊ နိုင်ငံအင်အားရှိဖို့၊ တပ်မတော်ကြီးအင်အားရှိဖို့ အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါ တယ်။
“အမျိုးသားအကျိုးစီးပွားအတွက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်း ကဏ္ဍ ခိုင်မာနေရမှာဖြစ်တဲ့အတွက် တပ်မတော်အင်အားရှိနေဖို့လိုပါတယ်”
“တပ်မတော် အင်အားရှိမှလည်း တိုင်းပြည်အင်အားရှိမှာ ဖြစ်ပါတယ်”
- Log in to post comments