ပညာရေး

အသက် (၉၀) ရှိကျောင်းသူ စာရေးဆရာမကြီး မမြတ်လေး(ဒေါ်သိန်းဆိုင်) မိသားစုနှင့်ခွဲခြား၍မရသော ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

=======================

 

အသက် (၉၀) ရှိကျောင်းသူ စာရေးဆရာမကြီး မမြတ်လေး(ဒေါ်သိန်းဆိုင်) မိသားစုနှင့်ခွဲခြား၍မရသော ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်

============================================================================

 

ခင်မြတ်လေး

 

တက္ကသီလာ မြကျွန်းသာမှာ ပညာရည်နို့သောက်စို့ခဲ့ပါသည် အပိုင်း(၉)

 

 

စန်းနီလာဝင်း

 

 

ဘဝမငြိမ်သက်၍ အလှအိပ်မက်က မရေရာ

ချမ်းမြမြရှိလှသော ဂိမာန်နွေဦး၏ နံနက်ခင်း ဝယ် နှင်းပုလဲဥတို့ ကြွေကျမြေခလာသော အခါ နေခြည်နုနုနှင့် ရွှေရည်ဥ ဥနေသည့် အလား တည်ငြိမ်လှသော အင်းလျားရေပြင် ပေါ်ဝယ် ရောင်ပြန်ထင်ဟပ်လျက်ရှိနေသည့် ဆောင်းလေနုအေးတို့ ဆော်သွေးစဉ် နှင်းဖွေး ဖွေးအောက်ဝယ် ခပ်ရေးရေး မြင်တွေ့ရသော တက္ကသိုလ်အဆောင်နေ မောင်မယ်အချို့ကို အင်းလျားကန်က နွေးထွေးစွာ ကြိုဆိုနေဟန် ရှိသည်။

ပြည်ထောင်စုကြီးထဲက ပြည်ထောင်စုကလေး

 

စိန်မောင်တင်

 

 

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားပေါင်းစုံစုဝေးနေထိုင်ရာနိုင်ငံဖြစ်သည်။ ရှေးယခင်ကာလကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်လာခဲ့ကြသော သွေးသားရင်းချာ များ ဖြစ်ကြသည်။ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက ကူးလူးဆက်ဆံမှုများရှိခဲ့သည်။ နယ်ချဲ့တို့လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် ရရာလက်နက်စွဲကိုင်၍ အတူတူ တွန်းလှန် ခုခံခဲ့ကြသည်။

 

 

တိုင်းရင်းသားတို့စုဝေးရာ

ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တက်ရောက်ခဲ့စဉ်

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

========================

 

ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တက်ရောက်ခဲ့စဉ်

============================

 

ဒေါ်မွှေး

(ဌာနမှူး၊ သင်တန်းရေးရာ-ငြိမ်း)

 

 

ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် (Rangoon Arts and Science University) (RASU - ရာဇူး) ဟု အမည်တွင် ခဲ့သော ရန်ကုန်တက္ကသိုလ်ကြီးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က နှစ် ၁၀၀ ပြည့်ခဲ့ပါသည်။ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကိုမူ (MASU - မာဇူး) ဟု ခေါ်ကြပါသည်။

 

ကိုယ်တွေ့ကြုံသည့် ရန်ကုန်တက္ကသိုလ် ဘဝခရီးအစ ခြေလှမ်းများ

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

========================

 

ကိုယ်တွေ့ကြုံသည့် ရန်ကုန်တက္ကသိုလ် ဘဝခရီးအစ ခြေလှမ်းများ

======================================

 

ပန်းတောင်းသန်းကြွယ်

 

ရုက္ခဗေဒဆရာကြီး ဒေါက်တာဦးကျော်စိုး M.Sc(Rgn.), A.M(Harvard),Ph.D(Harvard)

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

=========================

 

ရုက္ခဗေဒဆရာကြီး ဒေါက်တာဦးကျော်စိုး M.Sc(Rgn.), A.M(Harvard),Ph.D(Harvard)

=================================================================

 

ဦးစိုးမြင့်

(အငြိမ်းစားပါမောက္ခချုပ်)

 

ရန်ကုန်တက္ကသိုလ်နှင့် ကျွန်မ

 

 

ဒေါက်တာလေးငုံ

 

ကျွန်မသည် ၁၉၈၇ ခုနှစ်တွင် အခြေခံပညာအထက်တန်းစာမေးပွဲကို (က) အဆင့်ဖြင့် အောင်မြင်ခဲ့ပါသည်။ ထိုနှစ်က စနစ်သစ်၏ ပထမဆုံးဖြေဆိုရသော စာမေးပွဲဖြစ်သောကြောင့် အောင်မြင်သူ အလွန်နည်းသည်။ ထိုသို့ရှားရှားပါးပါး အောင်မြင်သူများထဲမှ ကျွန်မပါဝင်ခဲ့၍ အလွန်ပျော်ခဲ့ရသည်။ အောင်စာရင်းကြည့်ပြီး ပြန်လာသော ကျွန်မ၏ ခြေလှမ်းများသည် မြေကြီးနှင့် မထိတော့ဟုထင်ရသည်။ ချက်ချင်းပင် တက္ကသိုလ်ကျောင်းသူကြီး ဖြစ်သွားသလို ခံစားရသည်။

ရန်ကုန်တက္ကသိုလ်မှ ကျွန်တော့်ဆရာများ

 

 

ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း)

 

ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်မှာ သတိရလွမ်းစရာတွေက ဘွဲ့နှင်းသဘင်ခန်းမနဲ့ အင်းလျားကန်၊ ကံ့ကော်တောနဲ့ သစ်ပုပ်ပင်၊ ဓာတုဗေဒဌာနနဲ့ အသေးစားအဏုမြူ ဓာတ်ခွဲခန်းတို့ ဖြစ်ပါတယ်။ ဒိထက်ပို၍ တမ်းတလွမ်းရသူများက‌တော့ ကျွန်တော့်ဆရာများပဲဖြစ်ပါတယ်။ ဓာတုဗေဒပညာကို စတင်မိတ်ဆက်ပို့ချပျိုးထောင်သူ၊ တပည့်အပေါင်းက လေးစားချစ်ခင်ရသူ ဆရာ ဒေါက်တာမောင်ဒီနဲ့ နိဒါန်းပျိုးချင်ပါတယ်။

စနစ်သစ်ပညာ​ရေး​အစ ၁၉၆၄-၆၈ ကာလက တက္ကသိုလ်​ရေကူးပြိုင်ပွဲများနှင့် ရန်ကုန်တက္ကသိုလ် ရေကူးအသင်း​၏ အောင်နိုင်မှုများ

 

 

အေးညွန့်ကြည်

 

 

ရန်ကုန်တက္ကသိုလ်ကြီးဟာ ပညာ​ရေးကို အဓိကအ​ခြေပြုပြီး အမျိုးသား​ရေးနဲ့ နိုင်ငံ​ရေးလှုပ်ရှားမှုများ၊ စာ​ပေနဲ့ အနုပညာလှုပ်ရှားမှုများနဲ့အတူ အားကစားလှုပ်ရှားမှုများဟာလည်း အ​ရေးပါတဲ့နေရာမှာ ပါဝင်ခဲ့ပါတယ်။ အားကစား လှုပ်ရှားမှုတွေထဲမှ ​တက္ကသိုလ်​ရေကူးပြိုင်ပွဲများဟာလည်း ကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့တာမို့ နှစ် (၁၀၀) ပြည့် ရန်ကုန်တက္ကသိုလ်ကို ဂုဏ်ပြုပြီး ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါတယ်။

Subscribe to ပညာရေး