ပညာရေး

နှလုံးသားအက္ခရာတင်ရာ ရန်ကုန်တက္ကသိုလ်

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

=========================

 

နှလုံးသားအက္ခရာတင်ရာ ရန်ကုန်တက္ကသိုလ်

==========================

 

ခိုင်(မိတ္ထီလာ)

 

ကျင့်ဝတ်ကောင်းမြတ်၊ စိတ်ဓာတ်ကောင်းတည်၊ အမိရန်ကုန်တက္ကသိုလ်ဆီ

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

=======================

 

ကျင့်ဝတ်ကောင်းမြတ်၊ စိတ်ဓာတ်ကောင်းတည်၊ အမိရန်ကုန်တက္ကသိုလ်ဆီ

==========================================

 

ဒေါက်တာသွင်သွင်အောင်

 

ရန်ကုန်တက္ကသိုလ်ကြီး မွေးဖွားလာတာ နှစ်(၁၀၀) ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ပညာသင်ယူခြင်းနှင့်တူသော မိတ်ဆွေမရှိလို့ အဓိပ္ပာယ်ရတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “နတ္ထိ ဝိဇ္ဇာ၊ သမံ မိတ္တံ” ဆိုတဲ့ အမှတ် တံဆိပ်ဟာလည်း ရန်ကုန်တက္ကသိုလ်ကြီးကို ဂုဏ်ဝင့်ထည် မြင့်မားခံ့ညားစေပါတယ်။

ပထမ မြန်မာသင်္ချာပါမောက္ခ ဆရာကြီး ဦးအောင်လှ

 

 

မြင့်မြင့်ခိုင်

 

 

ရန်ကုန်တက္ကသိုလ်ကြီး နှစ်တစ်ရာပြည့် အချိန်အခါသမယတွင် ရန်ကုန်တက္ကသိုလ် သင်္ချာဌာန၌ တာဝန်ထမ်းဆောင်သွားသော ဆရာကြီးများအနက် မြန်မာလူမျိုးများထဲမှ ပထမဦးဆုံး သင်္ချာပါမောက္ခ တာဝန်ယူရသည့် ကျွန်မ၏ ဆရာတစ်ဦးဖြစ်သော ဆရာကြီး ဦးအောင်လှကို ဂုဏ်ပြုသောအားဖြင့် ယခုစာစုကို ရေးသားဖော်ပြအပ်ပါသည်။

ဆရာကြီး၏ဘဝဖြစ်စဉ်

ပါမောက္ခချုပ်ဦးခင်မောင်တင့် သို့မဟုတ် စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်

 

 

သိန်းထက်အောင်

 

ရန်ကုန်တက္ကသိုလ်ကြီးကား သက်တမ်း နှစ်တစ်ရာပြည့်မြောက်ခဲ့ပြီ။ ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် စာပေ၊ ပန်းချီ၊ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများအပြင် မြန်မာ့ရုပ်မြင်သံကြားမှ တက္ကသိုလ် အလွမ်းပြေသီချင်း အပုဒ်ရေ တစ်ရာကို အပတ်စဉ်သောကြာနေ့တိုင်း ထုတ်လွှင့်ပေးခြင်းနှင့် နေ့စဉ်ထုတ်လွှင့်ပေးခဲ့သလို နိုင်ငံပိုင်သတင်းစာများကလည်း တက္ကသိုလ်အကြောင်း ဆောင်းပါးများကို နေ့စဉ်ဖော်ပြပေးခဲ့ရာ ယနေ့တိုင် ဖတ်ရှုနေရဆဲဖြစ်ပါသည်။

ရာပြည့်တက္ကသိုလ်နှင့် ဘဝတစ်ကွေ့ အမှတ်တရများ

 

သီတာဌေး

 

 

တက္ကသိုလ်ရိပ်သာလမ်းဘက်ခြမ်း ရန်ကုန်တက္ကသိုလ် ဂိတ်ပေါက်ဝမှ ဝင်လိုက်သည်နှင့် အဓိပတိလမ်း၏ လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်ရှိ အုံ့အုံ့ဆိုင်းဆိုင်း စိမ်းစိမ်းစိုစို သစ်ပင်ကြီးများနှင့် မျက်စိတဆုံးတွေ့မြင်နေရသော အဓိပတိလမ်းအဆုံးတွင် ဘွဲ့နှင်းသဘင်ခန်းမကြီးက တင့်တင့်တယ်တယ် ခံ့ခံ့ညားညား တည်ရှိနေသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့က နှစ် (၁၀၀) သက်တမ်းပြည့်ခဲ့သော ရန်ကုန်တက္ကသိုလ်ကို စာရေးသူမည်သည့်အရွယ်က စတင်သိရှိခဲ့ပါလိမ့်ဟု မိမိဘာသာ ပြန်လည်စောကြောမိသည်။

 

လေးတန်းကျောင်းသူနှင့် တက္ကသိုလ်စိန်ရတု

ဓာတ်ပုံများကပြောသော နှစ်တစ်ရာခရီး

 

 

သန္တာအေး

 

 

အချိန်ကား ၂၀၁၉ ခုနှစ် စက်တင်ဘာ ၆ ရက် စနေနေ့ ဖြစ်ပါသည်။ သာယာလှပသော နံနက်ခင်း၏နေခြည်အောက်တွင် ကျွန်မတို့ အင်းလျားညီအစ်မများ အတွေးကိုယ်စီဖြင့် ရင်ခုန်စိတ်လှုပ်ရှားလို့ နေပါသည်။ အကြောင်းမှာ ကျွန်မတို့ချစ်သော အင်းလျားဆောင်ကြီး၏ ရန်ကုန်တက္ကသိုလ်ရာပြည့်အကြိုအထိမ်းအမှတ် လှုပ်ရှားမှုအနေဖြင့် အင်းလျားဆောင် ဓာတ်ပုံပြပွဲကို ဖွင့်လှစ်ရန် အချိန်အနည်းငယ်သာ လိုတော့၍ ဖြစ်ပါသည်။

 

 

ကျွန်တော် အစဉ်လေးစားရသော ရန်ကုန်တက္ကသိုလ်

 

 

  ဇင်မင်းစိုး (ဗိုလ်ကလေး)

 

 

ရန်ကုန်တက္ကသိုလ် မွေးနေ့

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ သည် ရန်ကုန်တက္ကသိုလ်၏ နှစ်တစ်ရာပြည့် မွေးနေ့ ဖြစ်ပါသည်။ နှစ်တစ်ရာပြည့်မှသည် နှစ်တစ်ထောင်၊ နှစ်တစ်သောင်းတိုင်အောင် တည်တံ့ခိုင်မြဲ ရှည်ကြာပါစေဟု ဆုမွန် ကောင်းတောင်း မေတ္တာပို့သအပ်ပါသည်။

အဓိပတိလမ်းမပေါ်မှာ လျှောက်ဖူးခဲ့ပါသည်

 

 

သင်း (ပညာရေးတက္ကသိုလ်)

 

 

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အကြိုလှုပ်ရှားမှု ပုံရိပ်များကို TV ဖန်သားပြင်မှ ညစဉ် ညစဉ် ကြည့်ရှုခံစားရင်း ပညာရေးတက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်သော်လည်း အဓိပတိလမ်းမပေါ်မှာ လျှောက်လှမ်းခဲ့ဖူးပါသည်ဟု တင်ပြလိုစိတ်လေး ပေါ်ပေါက်လာကာ ဂုဏ်ယူဝင့်ကြွားစွာ ဟစ်ကြွေးချင်ပါတော့သည်။

တစ်ချိန်က တက္ကသိုလ်ဆရာမများအဆောင်၏ ပုံရိပ်များ

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

========================

 

တစ်ချိန်က တက္ကသိုလ်ဆရာမများအဆောင်၏ ပုံရိပ်များ

================================

 

ဒေါ်ရှိန်းပိုင်

 

လွန်ခဲ့တဲ့အနှစ် (၄၀) ဝန်းကျင်ခန့်က ရန်ကုန်တက္ကသိုလ် ဝင်းထဲမှာရှိတဲ့ တက္ကသိုလ်ဆရာမများအဆောင်မှာ ကျွန်မနေခဲ့ဖူးပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ဘယ်တက္ကသိုလ် က ဆရာမ မဆို အဆောင်လျှောက်ခွင့်၊ နေထိုင်ခွင့်ရှိတဲ့ တစ်ခုတည်းသော ဆရာမများအဆောင်ပါ။ အင်းလျား ဆောင်၊ ရတနာဆောင်၊ မာလာဆောင်၊ သီရိဆောင်တွေမှာ တက္ကသိုလ်ကျောင်းသူတွေ ထားပါတယ်။

Subscribe to ပညာရေး