ကျောင်းမအပ်၊ ကျောင်းမတက်ရေး လှုံ့ဆော်နေသူများသို့ . . .
မျိုးငြိမ်းငယ်
နိုဝင်ဘာလ ၁ ရက်နေ့က အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ပါပြီ။ ကိုဗစ်-၁၉ ကြောင့် ကျောင်းတွေ ပိတ်ထားရတာလည်း လေးလကျော် ကြာခဲ့ပါတယ်။ ယခင်ကလည်း ၂၀၂၀ ပြည့်နှစ်ထဲမှာ ကိုဗစ်ဖြစ်လို့ တစ်နှစ်ကျော် ပိတ်ထားခဲ့ရပါတယ်။ ဒီကာလ အတွင်းမှာ ကျောင်းသား ကျောင်းသူတွေရဲ့ နေ့စဉ် ဘဝတွေ ဘယ်လိုဖြတ်သန်းနေကြသလဲ၊ အနာဂတ် တွေဆိုတာ ဘယ်လိုဖြစ်လာမယ်ဆိုတာ မှန်းဆ ကြည့်လို့ ခက်ခဲခဲ့ပါတယ်။
ဒီဂယက်ကို တွေ့ကြုံခံစားခဲ့ကြ