သဘာဝအခြေခံခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်တွင်းခရီးသွားလာမှုများ များပြားလာသည်။ ပြည်သူများမှာ တစ်နှစ်တာ ပင်ပန်းနွမ်းနယ်သမျှ ခရီးသွားလာ ခြင်းဖြင့် အပန်းဖြေလေ့ရှိသည်။ ပြည်သူများ စိတ်နှလုံးချမ်းမြေ့လျှင် ပေါ့ပါး လန်းဆန်းကျန်းမာခြင်းသုခကို ရစေနိုင်သဖြင့် စိတ်နှလုံးချမ်းမြေ့စေသော ခရီးသွား လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစည်းကမ်းများနှင့်အညီ မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။