နယ်ရုံးများ၏သတင်းများ

Jul 05,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကွန်းကျေးရွာ၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နေ့လယ် ၂ နာရီအချိန်က ရွာလယ်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြသည်။
Jul 04,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပမည့် ၂၀၂၄ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီညှိနှိုင်း အစည်းအဝေးကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community-Centre)ခန်းမတွင် ယနေ့နံနက်(၁၁)နာရီအချိန်တွင် စာပေချစ်မြတ်နိုးသူများနှင့် Book-Club အသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Jul 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  စာပေဝါသနာရှင်များနှင့်  စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ အများပြည်သူများအသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖက်ချိန်မရှိသူများအတွက် စာဖက်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့် တစ်ဦး စာပေဗဟုသုတများ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာဖက်ရှိန်မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ စာရေးဆရာ‌ အောင်သင်းရေးသားသည့် “အတွေးအကြုံနှင့် အတွေးအကြံ” စာအုပ်ဖြင့် ယနေ့ နံနက် (၁၀)နာရီ အချိန်က စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
Jul 04,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ပြိုင်ပွဲမကျင်းပမီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အသိပညာပေး အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ပြီး အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၄)ဦးက “ယဥ်ကျေးလှပစွမ်းရည်ပြည့်ဝသည့် မြန်မာ့အမျိုးသမီးများ” ခေါင်းစဥ်ဖြင့်ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြသည်။
Jul 04,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နေ့လယ်မွန်းလွဲ (၁၂) နာရီ (၁၅) မိနစ်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Jul 04,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းက ကျောင်းသား/သူများအား မူးယစ်ဆေးဝါးများကြောင့် လူနေမှုဘဝများ၏ ထိခိုက်နစ်နာဆုံးရှုံးရမှုများ၊ မူးယစ်ဆေးအစဖြစ်သည့် ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးအန္တရာယ်များအကြောင်း သိရှိစေပြီး နိုင်ငံ၏အနာဂတ်ဖြစ်သည့် ကျောင်းသား လူငယ်များအား မူးယစ်ဆေးဝါး၏ ကျေးကျွန်များဘဝ မရောက်ရှိစေရန်ရွယ်ရွယ်၍ ယခုလို အသိပညာပေးဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၏ကြောက်မက်ဖွယ်ရာ အန္တရာယ်များအကြောင်း၊ ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
Jul 04,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာပေဖတ်ရှုမှုမှရရှိသည့် ဗဟုသုတများ တိုးပွားစေရန် စာအုပ်စာစောင်များကို Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးနှင့် မီးသတ်ဦးစီးဌာနရုံးများရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များကို (အခမဲ့)ငှားရမ်းပေးခဲ့ကြောင်း သိရသည်။