နယ်ရုံးများ၏သတင်းများ

Dec 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ညနေ ၄ နာရီက စာပေချစ်မြတ်နိုးသူများ၊ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
Dec 14,2023
ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ဒေါက်တာအောင်ကြီး ရေးသားသည့် သီချင်းလူ ပုံပြင်လူ ငြိမ်းချမ်းလူ စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
Dec 14,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒုဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁ဝနာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ စာအုပ်၊ စာစောင်များအား အခမဲ့ ငှားရမ်းပေးခဲ့သည်။
Dec 14,2023
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းဘဲတန်းရပ် အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တို့ ပူးပေါင်း၍ ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ (၁၃) ရက်၊ မွန်းလွဲပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ည‌နေပိုင်းက ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် ကျွမ်းကျင်မှုရှိစေပြီး လုပ်ငန်းစွမ်းဆောင် ရည်မြှင့်မားစေရေးဆွေနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Dec 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်သည်။
Dec 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ မောင်ရင့်မာ (ကျောင်းကုန်း) ရေးသားသော "ဂိဇ္ဈကုဋ်တောင်ပေါ်က လရောင်"စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။
Dec 14,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်၊  ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့်  အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဒီဇင်ဘာလ ၁၂ ရက်နေ့၊   မွန်းလွဲ ၁ နာရီက ဆူးတပ်ကြီးကျေးရွာအုပ်စု၊ ဆူးတပ်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့သည်။