Mar 10,2022
ယခုအခါ ရာသီဥတုပူပြင်းသော နွေရာသီသို့ ကူးပြောင်းရောက်ရှိလာသောကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် မတ်လ ၈ ရက်နေ့ ညနေပိုင်းက တောင်ဥက္ကလာပ မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာမှ မြို့နယ်အတွင်း လှည့်လည်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။