နယ်ရုံးများ၏သတင်းများ

Jun 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
Jun 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ်၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ငါးသိုင်းချောင်းမြို့ အလက (ခွဲ) မြို့သစ်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 15,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ထုံးဖိုကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။
Jun 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြော၊ ဆေးရောင်ခြယ်၊ ကဗျာရွတ်ဆို၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jun 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နေ့လယ်မွန်းလွဲ (၁၂) နာရီ (၁၅) မိနစ်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 14,2024
ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သုံးထပ်အဆောင်ခန်းမတွင် လူငယ်စကားဝိုင်းနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ဇွန်လ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်၊ မူးယစ်ဆေးနှင့်ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့် အသိပညာပေး (Talk Show)ကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။