ကယားပြည်နယ်

ကယားပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့တက်ရောက်

အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် သက်ကြီးဘိုးဘွားများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဘီလူးချောင်းအမှတ်(၂) ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ (လောပိတ)သို့ ရေများဝင်ရောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်က လွိုင်ကော်မြို့နယ်ရှိ ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ(လောပိတ)သို့ ရောက်ရှိရာ အမှတ်(၂)စက်ရုံတာဝန်ခံ ဦးဇော်မင်းထွန်းက လက်ရှိဘီလူးချောင်းရေမြင့်တက်သဖြင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ရေစီးကြောင်းများမှတစ်ဆင့် စက်ရုံအတွင်း ရေများဝင်ရောက်မှုူအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၃)ခုသို့ ဆန်၊ ဆီ၊ ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများထောက်ပံ့ပြီး ရေကြီးရေလျှံမှုများအား လှည့်လည်ကြည့်ရှု

လွိုင်ကော်မြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော ရေကြီးရေလျှံဖြစ်ပွားမှုများအတွက် ပြည်နယ်အစိုးရအဖွဲ့သည် ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၊ ရေဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းများအတွက် ဆန်၊ ဆီစသည်တို့ကို စဉ်ဆက်မပြတ် လှူဒါန်းထောက်ပံ့ပေးနိုင်ရေးစီမံဆောင်ရွက်လျက်ရှိပြီး စေတနာရှင်အလှူရှင်များကလည်း လာရောက်ကူညီလှူဒါန်းလျက်ရှိသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ဝန်ထမ်းများအား  ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်

လွိုင်ကော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ဝန်ထမ်းများအား ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “ကယားပြည်နယ်အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရသော ဝန်ထမ်းများအနေဖြင့် မိမိတို့မူလတာဝန်များ မပျက်အောင် တာဝန်ထမ်းဆောင်နေမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ လွိုင်ကော်မြို့နယ်အတွင်း ယခုလ(၉)ရက်နေ့မှစတင်၍ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေစတင်ဝင်ရောက်နေ့မှစ၍ ရေဘေးကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်စီမံဆောင်ရွက်ရာတွင် ဝန်ထမ်းများ၏ ကူညီပါဝင်စွမ်းဆောင်နိုင်မှုများကြောင့်လည်း ယခုကဲ့သို့ အခက်အခဲများကို ကျော်ဖြတ်နိုင်ခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များမှ လှူဒါန်းထောက်ပံ့သည့် ပစ္စည်းများအားလုံးကို ရေဘေးသင့်ပြည်သူများလက်ဝယ်သို့ မျှမျှတတရရှိစေရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများပြီးပါက ပြန်လည်ထူထောင်ရေးကာလများတွင်လည်း ဝန်ထမ်းများတက်ကြွစွာဖြင့် တာဝန်ထမ်းဆောင်ကြရန် တိုက်တွန်းလိုကြောင်း” စသည်ဖြင့်ပြောကြားခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ 

လွိုင်ကော်မြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော ရေကြီးရေလျှံဖြစ်ပွားမှုများအတွက် ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရေဘေးသင့်ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ထောက်ပံ့ကူညီမှုများပေးခြင်း၊ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်း ဆွမ်းဆန်တော်၊ ဆီ၊ ထင်း၊ မီးသွေး၊ လောင်စာဆီများ ဆက်ကပ်လှူဒါန်းခြင်းများကို စဉ်ဆက်မပြတ်ကူညီဆောင်ရွက်ပေးလျက်ရှိပြီး စေတနာရှင် အလှူရှင်များကလည်း လာရောက်ကူညီလှူဒါန်းလျက်ရှိသည်။ ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူရေများသည် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ ဓမ္မပါလစုပေါင်းဓမ္မာရုံသို့ ရောက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်က “ရေဘေးသင့်ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ နေ့စဉ်ချက်ပြုတ် စားသောက်နိုင်ရေးအတွက် စနစ်တကျစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နီးစပ်ရာ ရေဘေးလွတ်နေရာများ၌ နေထိုင်သူများအားလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ရေများပြန်လည်ကျဆင်းချိန် မိမိတို့၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ပြန်လည်လုပ်ကိုင်ကြရန်လိုကြောင်း ”စသည်ဖြင့် အားပေးစကားပြောကြားခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စွက်စာများနှင့် အားဆေးများ ထောက်ပံ့ပေးအပ်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများက ကုတင်(၅၀၀)ဆံ့ ပြည်နယ် ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။

လွိုင်ကော်မြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ပြုလုပ်

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို စက်တင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီးနှင့် ဥတ္တရာရုံပရိယတိစာသင်တိုက်တို့၌ ပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့နယ်အတွင်း ယာယီရေဘေးသင့်ကယ်ဆယ်ရေးစခန်းများ၌ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ

လွိုင်ကော်မြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပေါ်မှုများကြောင့် ယမန်နေ့တွင် မြို့နယ်အတွင်း ရပ်ကွက်(၈)ခု၌ ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရပ်ကွက်အတွင်းရှိ ပြည်သူများအား စတင်ရေဝင်ရောက်ချိန်မှစ၍ ယာယီရေဘေးကယ်ဆယ်ရေး စခန်း(၃)ခု ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ကယားပြည်နယ် ဝန်ကြီးချုပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) တက်ရောက်

ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) ကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “လက်ရှိဖြစ်ပေါ်နေသော ရေကြီးရေလျှံဖြစ်ပွားမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်၊ ရေဝင်ရောက်မှုကြောင့် မြို့နယ်အတွင်း ဆက်သွယ်သွားလာမှုူမပြတ်တောက်စေရေးနှင့် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးစီစဉ်ဆောင်ရွက်နိုင်ရန်၊ တိကျမှန်ကန်သော စာရင်းဇယားများကို၊ မြို့ပေါ်သာမက ကျေးရွာပါမကျန်ကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုစာရင်းများအား အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာ ပြုစုတင်ပြရေး၊ ဖွဲ့စည်းထားသော ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ရာတွင် တက်ကြွစွာဆက်လက်ဆောင်ရွက်ရေး၊ စေတနာရှင်၊ အလှူရှင်အဖွဲ့များက လာရောက်လှူဒါန်းပါက ရေဘေးဒဏ်ခံရသော ပြည်သူများ၏ လက်ဝယ်သို့ မျှတစွာရောက်ရှိရေး ဆောင်ရွက်ပေးရန်၊ ကူညီကယ်ဆယ်ရေးဆောင်ရွက်ရာတွင် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျစီမံဆောင်ရွက်ရန်” စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ မြို့တွင်းတံတားများ ကြံ့ခိုင်မှုနှင့် သွားလာရေးကူညီဆောင်ရွက်နေမှုအား ကြည့်ရှု

ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်အတွင်း ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့်နည်းတူ ဘုန်းတော်ကြီးကျောင်းများလည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်သဖြင့် ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ရှမ်းပိုင်းရပ်ကွက်ရှိ ရွှေကျောင်းပရိယတ္တိ စာသင်တိုက်သို့ ရောက်ရှိပြီး ဆရာတော်များထံ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဝန်ကြီးချုပ်က “သံဃာတော်များအတွက် ဆွမ်းနှင့် ဆွမ်းဟင်းများ ချက်ပြုတ်ရာတွင် အဆင်ပြေစေရေးအတွက် လိုအပ်သည့် ထင်း၊ မီးသွေး၊ မီးဖိုများ၊ ရေသန့်များနှင့် စက်သုံးဆီများ လှူဒါန်းသွားရန်၊ ကျောင်းဝေယျာဝစ္စကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် လှေတစ်စီးအား စီစဉ်ထားရန်နှင့် ရေများပြန်လည်ကျဆင်းပါက ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးရန်” တာဝန်ရှိသူများအား မှာကြားခဲ့သည်။
Subscribe to ကယားပြည်နယ်