ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ထိခိုက်လွယ်အုပ်စုများသို့ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ
ကယားပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ထိခိုက်လွယ်အုပ်စုများသို့ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ အဘိုးအဘွားများနှင့် ကလေးသူငယ်မိဘများ တက်ရောက်ခဲ့ကြသည်။