ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့် ပေးအပ်ပွဲ အခမ်းအနားကျင်းပ
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့် ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆုရရှိသူများ တက်ရောက်ခဲ့ကြသည်။