လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

လွိုင်ကော်  ဧပြီ ၂၃

ကယားပြည်နယ် ၊ လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံ ပေးလျက်ရှိသည်။
ထိုသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးပူးပေါင်း၍ ကျန်းမာရေးဝန်ကြီး ဌာနကထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကာကွယ် ဆေးထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ လာရောက် ထိုးနှံသည့် သူများအား၊ ကျန်းမာရေး စစ်ဆေးခြင်းများကို စနစ်တကျဆောင်ရွက်ပေးကာ ကွယ်ဆေးထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံ ထားပြီးသူများအား မိနစ်၃၀ ခန့်စောင့်ကြည့်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကိုဇင် (လွိုင်ကော်)