ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဆုတောင်းပြည့် မြို့နာမ်စေတီတော်၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အနေကဇာတင်ပူဇော်ပွဲနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ
သာသနာတော်နှစ် ၂၅၆၅ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ပွဲနှင့် ညောင်ရေသွန်းလောင်း ပူဇော်ပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်း က လွိုင်ကော်မြို့ ဆုတောင်းပြည့် မြို့နာမ်စေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။