မယ်စဲ့မြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်(၂)ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။