ကချင်ပြည်နယ်

ပူတာအို၌ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဒေသစိမ်းလန်းစိုပြေလာစေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ၂၀၂၅ ခုနှစ် ခရိုင်/မြို့နယ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ဇူလိုင်(၂၅)ရက် နံနက်(၈)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း ပတ်ဝန်းကျင်မြေကွက်လပ်၌ ကျင်းပသည်။

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ ဆောင်ရွက်ရမည့် စံပြုချက် (SOP)များ ရှင်းလင်းဆွေးနွေး

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် စံပြုချက်(SOP)များအား ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ချပြရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်အားပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲအဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိသင့်သိထိုက်သည့် အချက်များ၊ သတိပြုလိုက်နာ ၍ ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အများပြည်သူနှင့် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနား တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

တနိုင်းမြို့နယ်၌ရပ်ကွက် ကျေးရွာပေါင်းစုံ မိုးရာသီ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲ Sime – Final ပွဲစဥ် (၂)

ကချင်ပြည်နယ် တနိုင်းမြို့နယ်၌ရပ်ကွက် ကျေးရွာပေါင်းစုံ မိုးရာသီ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲ Sime- Final ပွဲစဥ် (၂) ကို  ဇူလိုင်လ ၂၃ ရက်နေ့တွင် ကင်ဆားရာကောင်းရပ်ကွက်အသင်းနှင့် ဆင် (မ်) ဆာ့ကောင်းရပ်ကွက်အသင်းတို့အား ပြည်သူ့အားကစားကွင်းတွင်ယှဥ်ပြိုင်ကစားကြရာ မိနစ် ၉၀ အချိန်ထိ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး အချိန်ပို မိနစ်၃၀ ဆက်လျက်၍ ယှဥ်ပြိုင်ကစားခဲ့ကြရာ ကင်ဆားရာကောင်းရပ်ကွက်အသင်းမှ ၃ ဂိုး ဂိုးမရှိ​သောရလဒ်ဖြင့်ဆင် (မ်) ဆာ့ကောင်းရပ်ကွက်အသင်းကို အနိုင်ရရှိသွား​ပြီး ကင်ဆားရာကောင်းရပ်ကွက်အသင်းအား ဗိုလ်လုပွဲတက်ရောက်သွားကြောင်း သတင်းသိရသည်။

တနိုင်းမြို့နယ်၌ရပ်ကွက် ကျေးရွာပေါင်းစုံ မိုးရာသီ (အလွတ်တန်း)အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ် တနိုင်း​မြို့နယ်တွင် ရပ်ကွက်ကျေးရွာပေါင်းစုံ မိုးရွာသီ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၂ ရက်နေ့ တွင်   ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ပါသည်။

မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရှဒေါင်(၁)၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှဒေါင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး‌ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပရာ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထက်က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီ (Kachin State RSC) က ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သင်တန်းသား/ သင်တန်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့တက်ရောက်

ကချင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (Kachin State RSC) က ကြီးမှူး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ခေါင်လန်ဖူးမြို့၌ ကျောင်းသားကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးလှုပ်ရှားမှုနှင့် အလှူငွေ၊ စာရေးကိရိယာများပေးအပ်လှူဒါန်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့တွင် “မြန်မာအားကစား ကမ္ဘာကိုလွမ်းရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် ကျောင်းသားကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်အတွက် ကျောင်းတွင်းအားကစားလှုပ်ရှားမှုတစ်ရပ်ကို ဇူလိုင် (၂၂) ရက် နံနက်ပိုင်းက ခေါင်လန်ဖူးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ပြီး အလှူငွေနှင့်စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့၌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနင်သူများအား အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနင်သူများအား အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီတွင် မိုးကောင်းမြို့တော်ခန်းမရှေ့ ပြည်ထောင်စုလမ်းမကြီး လမ်းဆုံလမ်းထောင့်၌ ပြုလုပ်ကြောင်း သိရသည်။

ပူတာအိုခရိုင်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များအနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် စာပေမှပေးသော အသိပညာဗဟုသုတများ ရရှိလာစေရန်အတွက် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်ဝိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်(၉)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်