မိုးကောင်းမြို့၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် မြို့နယ်အဆင့်စီမံကိန်းကျေးရွာများရွေးချယ်

မိုးကောင်း ဧပြီ ၂၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် Smart Village၊ RBF၊ MSY နှင့် VDP မြို့နယ်အဆင့် စီမံကိန်းကျေးရွာများ ရွေးခြယ်ခြင်းကို ယမန်နေ့ (၁၁) နာရီတွင် အဆိုပါဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးမျိုးဝင်းမှ အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူဝင်းမှ စီမံကိန်းရွေးချယ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးကျေးရွာ (၁) ရွာ၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (Rural Business Fund - RBF) စီမံကိန်းကျေးရွာ (၁) ရွာ၊ မြစိမ်းရောင် (MSY) ကျေးရွာစီမံကိန်း (၅) ရွာနှင့် VDP -  Village Development Plan ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကျေးရွာ (၁၃) ရွာတို့အား သတ်မှတ်စည်းကမ်းနှင့်အညီ ကျေးရွာများအား ဦးစားပေးအလိုက် လျာထားရွေးခြယ်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး