အင်ဂျန်းယန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 (Arcturus) ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ပိတောက်မြိုင်ကျေးရွာ၊ စိန့်ဂျိုးဇက် ယာယီ တိုက်ပွဲရှောင်စခန်း (IDP Camp) တွင် ယာယီပြောင်းရွှေ့နေထိုင် လျက်ရှိသော မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်မှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့သည်။