ကချင်ပြည်နယ်

မိုးညှင်းမြို့နယ် နန့်လှိုင်‌ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) နေကြာရိတ်သိမ်းနေမှုအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ (ဆီထွက်သီးနှံ)စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် (ဆီထွက်သီးနှံ) နေကြာရိတ်သိမ်းနေမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တနိုင်းမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် နယ်မြေခံတပ်မတော်သားများ ပူးပေါင်း၍ လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် နယ်မြေခံတပ်မတော်သားများ ပူးပေါင်း၍ စုပေါင်း သန့်ရှင်းရေးကို ယမန်နေ့နံနက် (၇) နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့်တွေ့ဆုံ၊ ပူတာအိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့ရေပေးဝေရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့ရေပေးဝေလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ ပူတာအိုခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် တရားရုံးများမှ တရားသူကြီးများ၊ ဥပ‌ဒေအရာရှိများ၊ ရုံးဝန်ထမ်းများနှင့်တွေ့ဆုံပြီး ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များအား လမ်းညွှန်မှာကြားကာ ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေအကြံပေး ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးတို့က ခရိုင်အတွင်းရှိ မြို့နယ်တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများနှင့် ယမန်နေ့ နံနက် ၉ နာရီက ခရိုင်တရားရုံး၊ အစည်းအဝေးခန်းမ တွေ့ဆုံခဲ့ကြသည်။

မချမ်းဘောမြို့နယ် ကောင်းမှုလုံစေတီတော်မြတ်ကြီး ဘုရားပရဝုဏ်အတွင်း၌ ယဥ်ကျေးလိမ္မာ အထူးတရားစခန်းပွဲ ဆက်လက်ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော်မြတ်ကြီး ဘုရားပရဝုဏ်အတွင်းရှိ တေဇသာရဓမ္မာရုံ၌ ပူတာအိုဆရာတော်များနှင့် ရွှေဆံပင်ဆရာတော်တို့ ဦးစီးကျင်းပသော ပူတာအိုဒေသလုံးဆိုင်ရာ (ဒုတိယ)အကြိမ် ယဥ်ကျေးလိမ္မာအထူးတရားစခန်းပွဲကို ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။ 

ဆွမ်ပရာဘွမ်မြို့တွင် တစ်နှစ်အောက်ကလေးငယ်များအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် တစ်နှစ်အောက်ကလေးငယ်များအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ "စာကြည့်တိုက်၏ အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မေလ ၅ ရက်နေ့ မွန်းတည့် (၁၂) နာရီခွဲက စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဆွမ်ပရာဘွမ်မြို့၌ Mask campaign လုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉‌ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁နာရီခွဲက ဆွမ်ဘရာဘွမ်မြို့ ဘရန်းခူးရပ်ကွက်ရှိ စုပေါင်းစစ်ဆေးရေးဂိတ်၌ Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်မြို့၌ (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးတပ်ဖွဲ့နေ့ အခမ်းအနား ကို မေလ (၅) ရက်နေ့ နံနက် (၉) နာရီတွင် ကင်ဆားရာရပ်ကွက်၊ မီးသတ်ဦးစီး မှူးရုံးတွင် ကျင်းပခဲ့သည်။

ဝိုင်းမော်မြို့နယ်၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်မည့် လုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်သွားမည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်မည့်လုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ ကျောင်းသားမိဘ များနှင့် ကျောင်းသား/သူများအား အသိပညာပေးဆွေးနွေးပွဲကို မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ရပ်ကွက် (၂)ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းဆောင်တွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကချင်ပြည်နယ်