ပူတာအိုမြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကျင်းပ
ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးနှင့် ၂၀၂၄-၂၀၂၇ သက်တမ်းအတွက် အလုပ်အမှုဆောင်ကော်မတီရွှေးချယ်တင်မြှောက်ခြင်းကို ဖေဖော်ဝါရီ (၂၅) ရက် နံနက် (၁၀) နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ အစီအစဉ်နှစ်ရပ်ဖြင့်ကျင်းပသည်။