နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေရာများအား ကွင်းဆင်းကြည့်ရှု၊ စေတနာရှင် ကူညီကယ်ဆယ်ရေးအဖွဲ့များအား ရေသန့်ဘူးနှင့် စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် နေရာများအား ကွင်းဆင်းကြည့်ရှုသည်။