ဇမ္ဗူသီရိမြို့နယ် စည်ပင်ဧည့်ရိပ်သာတွင် မန္တလေးငလျင်သက်ရောက်မှုကြောင့် ခံစားနေရသူများအား စိတ်လူမှုဆိုင်ရာပံ့ပိုးပေးခြင်းနှင့် (Child Friendly Space) လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မန္တလေးငလျင်သက်ရောက်မှုကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ၊ နေအိမ်များပြိုလဲပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းများနှင့် (Child Friendly Space) လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ဆောင်ရွက်ခဲ့သည်။