ဒေါ့ဖုန်းယန်မြို့၌ အသက် (၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီက စတင်၍ ဖာကေ၊ အူထန်ယန်ကျေးရွာများတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။