ပြင်စလူမြို့ မြို့အဝင်စစ်ဆေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ မဖြစ်စေရေး စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရန်အတွက် မြို့အဝင်စစ်ဆေးရေးဂိတ်၌ မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များက ပူးပေါင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။