ကွန်ဟိန်းမြို့၌ ရပ်ကွက်ကျေးရွာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ ရပ်ကွက်ကျေးရွာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခန့်တွင် ကွန်ဟိန်းမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ မြို့နယ်လေ့ကျင့်ရေးခန်းမ၌ ကျင်းပသည်။