မြင်းမြီးဖြင့်ပြုလုပ်သည့် ယွန်းထည်လုပ်ငန်း တိမ်ကောပပျောက်မှုမရှိစေရေး ယွန်းလုပ်ငန်းရှင်များ ထိန်းသိမ်းထားရှိ
မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ရှိ မြင်းမြီးဖြင့်ပြုလုပ်သည့် (ရက်လုပ်)ယွန်းထည်လုပ်ငန်း တိမ်ကောပပျောက်မှု မရှိစေရန်အတွက် ပုဂံမြို့ ယွန်းလုပ်ငန်းရှင်များက ထိန်းသိမ်းထားရှိ လုပ်ကိုင်လျက်ရှိကြောင်း ဦးဘငြိမ်းယွန်းထည်လုပ်ငန်း၏ စတုတ္ထမျိုးဆက်ခံသူ ဦးအောင်ကျော်ထွန်းထံက သိရသည်။