မိတ္ထီလာခရိုင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပြိုင်ပွဲများကျင်းပ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်အကြို ပြိုင်ပွဲများဖွင့်ပွဲအခမ်းအနားနှင့် အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသည်။