ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရှာဖွေကယ်ဆယ်ရေးသင်တန်း တက်ရောက်ဖွင့်လှစ်
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ်ကြုံတွေ့နေရသည့်အတွက် ထိုဘေးအန္တရာယ်များကို ရှေ့တန်းကျကျတုန့်ပြန်ရင်ဆိုင်ကြရမည့် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည်ပိုမိုတိုးတက်မြင့်မားလာစေရန် ဇွန် ၈ ရက် နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဘားအံခရိုင်မီးသတ်စခန်း၌ ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၆)ဖွင့်ပွဲကို ကျင်းပသည်။