ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရေးဆရာများ၊ Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်ရေးသားသော “ဘဝအသစ်ရဲ့အစများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

မင်းဘူးမြို့၌ ယနေ့ခေတ်လူငယ်များ စာအုပ်စာပေကို ချစ်ခင်မြတ်နိုးပြီး ဖတ်ရှုလေ့လာခြင်းဖြင့် အတွေးအခေါ် အကြံဉာဏ်ကောင်းများရရှိစေရန် စာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မင်းဘူး(စကု)မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး ယနေ့ခေတ် လူငယ်များ စာအုပ်စာပေကို ချစ်ခင်မြတ်နိုးတန်ဖိုးထားပြီး စာပေဖတ်ရှုလေ့လာခြင်းဖြင့် အတွေးအခေါ် အကြံဉာဏ်ကောင်းများရရှိနိုင်စေရန် ရည်ရွယ်ကျင်းပသည့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါဦးစီးဌာန လူထုအခြေပြုဗဟိုဌာနရုံး (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး  ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ဓာတ်၊ စည်းကမ်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီသင်တန်းများ အခမဲ့ဖွင့်လှစ်မည်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီကာလ၌ ကျောင်းသူ၊ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရေး ရည်ရွယ်ချက်ဖြင့် နွေရာသီသင်တန်းများကို အခမဲ့ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်ရုံးစာကြည့်တိုက်သို့ ကျောင်းသား/သူများ စာစီစာကုံးပြိုင်ပွဲများ ဝင်ရောက်ဖြေဆိုနိုင်ရန် စာအုပ်၊ စာစောင်များ  လာရောက်ငှားရမ်း

မဟာအောင်မြေမြို့နယ်ရုံးစာကြည့်တိုက်သို့ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ ဝင်ရောက်ဖြေဆိုနိုင်ရန် ကျောင်းသား/သူများ စာအုပ်စာစောင်များလာရောက်ငှားရမ်းမှုအား မဟာအောင်မြေမြို့နယ်စာကြည့်တိုက်မှူး ဒေါ်သရဖီဖြိုးမှ (အခမဲ့) ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တကောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇန်နဝါရီလ ၁၆ ရက်နေ့၊ နံနက် (၁၁)နာရီက စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်းများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

နတ်မောက်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

သန်လျင် အ.ထ.က (၄) ၌ လူငယ်စကားဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က သန်လျင် အ.ထ.က (၄) ခန်းမဆောင်၌ ကျင်းပခဲ့သည်။

ရွှေကျင်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အနောက်ဘက်ကျေးရွာအုပ်စု၊ သောင်လယ်ကျေးရွာ၊ မဒေါက်ကလေး အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ