ထားဝယ် ဇန်နဝါရီ ၃၁
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရေးဆရာများ၊ Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်ရေးသားသော “ဘဝအသစ်ရဲ့အစများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Book Club အသင်းဥက္ကဋ္ဌ ဦးတင့်လွင်က စာအုပ်ထဲမှ အကြောင်းအရာများကို စတင်ဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာသော စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူတို့က “ဘဝအသစ်ရဲ့အစများ” စာအုပ်ထဲရှိ အကြောင်းအရာများကို ဖတ်ရှုပြီး စာပေရသအတွေ့အကြုံများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)