ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

တောင်ငူမြို့၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဥ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးမှ ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကို လက်လှမ်းမီစွာဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး အမှန်နှင့် အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် ယနေ့မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးရုံးနှင့် အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ သပြေညိုကိုယ်ပိုင်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းသားလူငယ်မောင်မယ်များ စာပေဖတ်ရှုလေ့လာမှု အားကောင်းလာစေရန်နှင့် မိမိတို့အတွေးအမြင်ဗဟုသုတများကို အချင်းချင်းမျှဝေဖလှယ်တတ်စေရန် ရည်ရွယ်၍  မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျော်ကြားကိုယ်ပိုင်ကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါမြို့နယ်ရှိ သပြေညိုကိုယ်ပိုင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများ ဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများပူးပေါင်းကာ ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book CLub) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့မွန်းတည့် (၁၂) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ အားကစားနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကျင်းပ

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်နှင့် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သတင်းရိုက်ကူးတည်းဖြတ်နည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်

ရန်ကုန်တိုင်း‌ဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က သတင်းရိုက်ကူး တည်းဖြတ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ကျွန်းကုန်းကြီးကျေးရွာ သုတရတနာစာကြည့်တိုက်ရှိ သုတရသစာအုပ်များ စနစ်တကျစာရင်း ရေးသွင်းပြုစုနိုင်ရေး အသိပညာပေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျွန်းကုန်းကြီးကျေးရွာ သုတရတနာ စာကြည့်တိုက်တွင် အသုံးပြုသွားမည့် သုတရသ စာအုပ်စာစောင်များအား စနစ်တကျစာရင်းရေးသွင်းပြုစုနိုင်ရေးအတွက် စာကြည့်တိုက်မှူးနှင့် ကော်မတီဝင်များ၊ ကျေးရွာရှိ စာဖတ်ဝါသနာရှင် လူငယ်လူရွယ်များအား အသိပညာပေးဆောင်ရွက်ခြင်းကို ကျွန်းကုန်းကြီးကျေးရွာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ်၊ အ.ထ.က (၁) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာအုပ်စာစောင်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ Book Club အသင်းဝင်များနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေမှတစ်ဆင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ကန့်ဘလူမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့(Book Club) အသင်းဝင်များနှင့်စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့တွင် စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းလွဲပိုင်း(၂)နာရီအချိန်က စာပေချစ်မြတ် နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ