ဖြူးမြို့နယ်တွင် အခြေခံပန်းချီသင်တန်းဖွင့်လှစ်

ဖြူး မတ် ၁၀

ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အခြေခံပန်းချီသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီ၊ ပန်းပုပညာရှင်များအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းစည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဖြူးမြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူအရွယ် ကလေးသူငယ်များအား အခြေခံပန်းချီ၏ သဘောတရားများနှင့် အခြေခံပန်းချီပညာရပ်များဖြစ်ကြသည့် မျဉ်းဖြောင့်၊ မျဉ်းကွေး၊ မျဉ်းယိုင်များဖြင့် ပန်းချီစတင် တည်ဆောက်ပုံများကို ပန်းချီ၊ ပန်းပုပညာရှင်များအသင်း ဖြူးမြို့နယ် စိတ်မီးအိမ်မှ သင်ကြား ပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းအား (၁၀-၃-၂၀၂၅) ရက်နေ့မှ (၁၆-၃-၂၀၂၅) ရက်အတွင်း နံနက် ၉ နာရီမှ ၁၁ နာရီအထိ သင်တန်းသား၊ သင်တန်းသူ ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး တက်ရောက်ကြကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)