ဘုတ်ပြင်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ ရေချွေတာရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ရေချွေတာရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းက ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်(၂)ကျေးရွာ မူလွန်ကျောင်း၌ကျင်းပရာ မူလွန်ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ဆရာမများ၊ ကျေးရွာနေပြည်သူများနှင့်ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်နေသူများ စုစုပေါင်း (၁၀၅)တက်ရောက်သည်။