တနင်္သာရီတိုင်းဒေသကြီး

ထားဝယ်မြို့၌ စံပြနို့တိုက်မိခင်ပြိုင်ပွဲကျင်းပ

၂၀၂၅ခုနှစ်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အထိမ်းအမှတ်“စံပြနို့တိုက်မိခင်ပြိုင်ပွဲ”ကို ဩဂုတ် ၁၁ ရက်မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ခရိုင်ပြည်သူကျန်းမာရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။

မြိတ်မြို့တွင် မိုးစပါးစိုက်ခင်းများအား တစ်ဧကအထွက်နှုန်းများတိုးစေရေး  ကျပ်၃၁၄ ဒသမ ၈ သန်း နှင့်ညီမျှသော သွင်းအားစုများပံ့ပိုးပေးထား

မြိတ်မြို့နယ်၌ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းခြောက်သင်းမှ အသင်းသားတောင်သူ ၁၅၃ ဦး သည် မြစိမ်းရောင်(သမဝါယမကဏ္ဍ) နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါး ၁၅၇၄ ဧက စိုက်ပျိုးထားရှိပြီး တစ်ဧကအထွက်နှုန်းတိုးစေရန် ကျပ်၃၁၄ ဒသမ ၈ သန်း နှင့်ညီမျှသော သွင်းအားစုများကို  မြို့နယ်သမဝါယမဦးစီးဌာနမှ ဇွန်လတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ ရောနှောကြဲပက်နေမှုကို ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး၊စိုက်ပျိုးရေးဦးစီးဌာန၊ထားဝယ်ခရိုင်အတွင်းရှိ အကျိုးဆောင်တောင်သူများအား သဘာဝမြေဩဇာပေးအပ်ခြင်းနှင့် ထားဝယ်မြို့နယ်၊အမှတ်(၄)အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ မိုးစပါးစိုက်ခင်းတွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိန်ကိုက်၊ အချိုးကျရောနှောကြဲပက်ခြင်း အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ထားဝယ်မြို့ အထက(၄)၌ ကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့တက်ရောက်

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှု နိုင်ရန်၊ စာပေ လေ့လာ ဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်” ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

သရက်ချောင်းမြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်၍ ဆရာ၊ ဆရာမများက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့၊ အခြေခံပညာ (အ-ထ-က)သရက်ချောင်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရေဖြူမြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့ ၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ မွေးကင်းစမှအသက်(၂)နှစ်‌အောက်အရွယ် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို‌ ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်လှစ်

ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ၍ မိသားစုဝင်ငွေတိုးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက် အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊‌ ကော့သောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘန်းကချွန်ကျေးရွာအုပ်စု၊(၁၄)မိုင်ကျေးရွာတွင် ဖွင့်လှစ်မည့် အသက်မွေးဝမ်း‌ကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်ရှိ ကော့သောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းအ‌ဝေးခန်းမတွင်ကျင်းပရာ အဆိုပါ အခမ်းအနသို့  ကော့သောင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ (၁၄)မိုင်ကျေးရွာမှ ရပ်မိရပ်ဖများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့သည်။

ကျွန်းစုမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း‌ ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း‌ ပထမအကြိမ်ကို ဩဂုတ်လ (၁၁) ရက်နေ့မှ (၁၂) ရက်နေ့ထိ (၂) ရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်၊ ဂန့်ဂေါ်တောင်ရွာတွင် တနင်္ဂနွေနေ့ဓမ္မစကူးလ်သင်တန်း ဖွင့်လှစ်ပို့ချ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဂန်ဂေါ်တောင်ရွာ၊ ဓမ္မပါလ ကျောင်းတိုက်တွင် ယမန်နေ့နံနက်က တနင်္ဂနွေနေ့ ဓမ္မစကူးလ် သင်တန်းများ စတုထ္တအပတ်အဖြစ် ပို့ချနေကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး