တနင်္သာရီတိုင်းဒေသကြီး

မြိတ်တက္ကသိုလ်တွင် ခါဝသန် အဆိုပြိုင်ပွဲ ကျင်းပ

မြိတ်တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ပညာရပ်များအပြင် အသိပညာ အတတ်ပညာနှင့် ပြည်စုံသည့် လူတော်လူကောင်းများ ဖြစ်စေရန် စာပေ၊ အနုပညာ၊ အားကစားပြိုင်ပွဲများကို ကဏ္ဍအလိုက် နှစ်စဉ် ကျင်းပပေးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌  “ခါဝသန်အဆိုပြိုင်ပွဲ”ကို ကျင်းပခဲ့ကြောင်း သိရသည်။        

အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် နယ်လှည့်မိုလ်ဘိုင်း ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) တွင် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်လှည့်မိုလ်ဘိုင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌  (တတိယအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅ ခုနှစ်၊ မိုးရာသီ မိုးစပါးပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား (တတိယအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်း အခမ်းအနား ကျင်းပသည်။

ပလောက်မြို့ အခြေခံပညာမူလတန်းကျောင်း၌ ပုံပြင်များပြောခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်‌

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ဩဂုတ် ၁၂ ရက်က ကလေး စာပေစာအုပ်၊ စာစောင်များ ခင်းကျင်းပေးကာ မိမိနှစ်သက်ရာ စိတ်ကြိုက်ရွေးချယ်ဖတ်ရှုလေ့လာစေခြင်း၊ ကလေးစာပေများမှ အသိပညာပေး ပုံပြင်များပြောခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်‌ပေးခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားတက်ရောက်

“လူငယ်စွမ်းအားမှသည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီသို့”စသည့်ဆောင်ပုဒ်နှင့်အညီ”၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့" အခမ်းအနားကို ဩဂုတ် ၁၂ရက် နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော် ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီအနေဖြင့်ဆယ်ကျော်သက်လူငယ်များကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ပြည်ထောင်စုစိတ်ဓာတ်များရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ လူငယ်စကားဝိုင်းများကို နိုင်ငံတစ်ဝန်းကျင်းပပေးလျက်ရှိသကဲ့သို့ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် နည်းပညာပေးသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသည့် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီး၊ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူ၄၅၄၁ဦးဝင်ရောက်ဖြေဆိုခဲ့ရာ၂၂၉၇ဦးအောင်မြင်ခဲ့ပြီး အောင်ချက် ရာခိုင်နှုန်း အားဖြင့်၅၀ ဒသမ ၅၈ ရာခိုင်နှုန်းရှိကာ တစ်နိုင်ငံလုံးအောင်ချက်အဆင့်(၅)ရရှိခဲ့ကြောင်း၊ ပညာသည်သာလျှင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံးသော ရေသောက်မြစ်တစ်ခု ဖြစ်ကြောင်း ပြောကြားသည်။

ထားဝယ်မြို့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ထားဝယ်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က “ပညာဘဏ်တိုက်စာကြည့်တိုက်”ဟူ၍ အဆိုရှိကြောင်း၊  စာကြည့်တိုက်များကို အသိပညာ အတတ်ပညာဟူသော အဖိုးထိုက်၊ အဖိုးတန်ဘဏ္ဍာများ သိုလှောင်သိမ်းဆည်းရာဘဏ်တိုက်များအဖြစ် တင်စားထားခြင်းဖြစ်ကြောင်း၊ စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်း၏အကျိုးကို ကျောင်းသားကျောင်းသူများသိရှိနားလည်ရန် ဆရာ၊ ဆရာမများက ရှင်းလင်းပြောကြားပေးကြရမည်ဖြစ်ပြီး ကျောင်းသားကျောင်းသူတိုင်းစာဖတ်သူများဖြစ်လာစေရန် လည်း အားပေး တိုက်တွန်းကြရန် လိုအပ်ကြောင်းပြောကြားသည်။

မြိတ်မြို့နယ်၌ ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းအောင်မြင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်မှာကြား

မြိတ်မြို့နယ်စန္ဒဝတ်ကျေးရွာတွင် ဆိုလာနည်းပညာဖြင့် (၂၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်း လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေကို Southern Green Power Co.,Ltd  က လာရောက်တွေ့ဆုံရှင်းလင်းတင်ပြသည့်အခမ်းအနားကို ဩဂုတ် ၁၁ ရက်နေ့နံနက် ၁၁ နာရီ က ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်း မီးလင်းရေး၊ ၂၄ နာရီ မီးအပြည့်အဝရရှိရေး၊ တစ်ယူနစ် ဈေးနှုန်းလျော့ကျရေးကို ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ပုလောမြို့ အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင်  ပုလောမြို့၌  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး