မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတိုးပွားစေရေးအတွက် ယမန်နေ့ နေ့လည် ၂ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့သည်။

တောင်တွင်းကြီးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သောနေရာများအား လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့လယ် ၂ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ငဖဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဆီထွက်သီးနှံ(နှမ်း)မျိုး၊ မြေ၊ ရေနည်းလမ်းအလိုက် သက်တမ်းအလိုက် စနစ်တကျဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ တောင်သူနည်းပညာပေး သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဆီထွက်သီးနှံ (နှမ်း)မျိုး၊ မြေ၊ ရေ နည်းလမ်းအလိုက် သက်တမ်းအလိုက် စနစ်တကျဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ တောင်သူနည်းပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။

စကုမြို့၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ ဈေးမီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ စည်ပင်သာယာမြို့မဈေးကြီး မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။

စလင်းမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြားအစည်းအဝေး ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ လက်ရက်ကန်းခြောက်လ (ပထမအကြိမ်) သင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က လက်ရက်ကန်းခြောက်လ (ပထမအကြိမ်)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်သည်။

အောင်လံမြို့၌ ငလျင်ဘေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကျင်းပပြုလုပ်သော ငလျင်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အောင်လံမြို့၊ အ.ထ.က(၁)၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ် သဖန်းချောင်းကျေးရွာတွင် ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေး၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ ဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် သဖန်းချောင်းကျေးရွာ၌ ခေတ်မီစံပြကျေးရွာ(Smart Village) စီမံကိန်းတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ သွင်းအားစု ငွေးကြေးဝန်ဆောင်မှုနှင့် နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းလုပ်ငန်းများ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် စီးပွားရေးရာ၀န်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးအစည်းအဝေး(၁/၂၀၂၅-၂၀၂၆) အခမ်းအနားတက်ရောက်

မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပပြုလုပ်သည့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက အဆိုပါတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး