ရေနံချောင်းမြို့ အ.ထ.က(တွင်းကုန်း)ကျောင်း၌ သင်ကြားသင်ယူမှု အထောက်အကူပြုခန်းမဖွင့်ပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ တွင်းကုန်းရပ်ကွက် အ.ထ.က(တွင်းကုန်း)ကျောင်း၌ Gold Petrol Joint Operating Company Inc မှ ၂၀၂၅ ဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု(CSR) အစီအစဉ်ဖြင့် ဆောက်လုပ်လှူဒါန်းသည့် သင်ကြားသင်ယူမှုအထောက်အကူပြုခန်းမဖွင့်ပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါအဆောက်အဦးသစ်ခန်းမ၌ ကျင်းပခဲ့သည်။