ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား)ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ကျင်းပ
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ(အမျိုးသား) ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ယနေ့နံနက်၈နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားရုံခန်းမ၌ ကျင်းပသည်။