မွန်ပြည်နယ်၊ ရေးမြိုနယ်တွင် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ ကြိုတင် ဆန္ဒမဲများ စတင်ပေး
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အတွင်းရှိ အကြောင်းအမျိုးမျိုး ကြောင့် မဲရုံသို့ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲမပေးနိုင်သူ အသက် (၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင် ပြည်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံး များတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ လာရောက်မဲပေး လျက်ရှိသည်။