ရေး အောက်တိုဘာ ၃၀
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အတွင်းရှိ အကြောင်းအမျိုးမျိုး ကြောင့် မဲရုံသို့ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲမပေးနိုင် သူ အသက် (၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင် ပြည်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံး များတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ လာရောက်မဲပေး လျက်ရှိသည်။
ကြိုတင်ဆန္ဒမဲပေးရာတွင် အောက်တိုဘာလ (၂၉) ရက်နေ့မှ စတင်၍ အသက် (၆၀)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းမွန်သူ သက်ကြီးဘိုးဘွားများ၊ ရွေးကောက်ပွဲ လုပ်ငန်း စဉ်များတွင် ပါဝင်ဆောင်ရွက်သူများ၊ လုံခြုံရေးတာဝန်ကျ အထူးရဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်မားရေးနှင့်အာကစားတန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ဆန္ဒမဲပေးနိုင်ရန်အတွက် စနစ်တကျ စီစဉ် ဆောင်ရွက် ပေးထားပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲများကို ပျော်ရွှင်စွာ ဆန္ဒမဲပေးခဲ့ကြသည်။
ရေးမြို့နယ်တွင် အသက် (၆၀) နှစ်နှင့်အထက် မဲဆန္ဒရှင် (၂၆၀၀၀) ကျော်ရှိပြီး အောက်တို ဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၅) ရက်နေ့အထိ ကြိုတင်မဲများပေးနိုင်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)