ရွှေဘိုမြို့၌ ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီက အသေးစား၊ အငယ်စားစီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းမှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။