စစ်ကိုင်းတိုင်းဒေသကြီး

ချောင်းဦးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာလာသူများအား ထောက်ပံ့ငွေများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ကလေးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၈) ကျောင်းတွင် အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၈) ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက အမျိုးသမီးနှင့် ပတ်ဝန်းကျင်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ကလေးမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန၌ “မျိုးဆက်သစ်တိုတိုးတက်ရစ်ဖို့”စာအုပ်ပါအကြောင်းအရာများ စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ကသာခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ အရိပ်ရပင်နှင့်သီးပင်စားပင်များ စုပေါင်းစိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ရုံးဝင်းအတွင်းနှင့် ရုံးအ‌ရှေ့မျက်နှာစာတွင် ဝန်ထမ်းများက အရိပ်ရပင်များနှင့် သီးပင်စားပင်များကို  စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ်၊ မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်စေရေး၊ သာယာလှပရေး၊ ရာသီဥတု ပြုပြင်ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးစေရေး၊ မိုးခေါင်ရေရှားပါးမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောဖုံးလွှမ်းမှုတိုးတက်စေရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်အားသစ်လမ်း ဗိုလ်ချုပ်လမ်းမှ ပြည်ထောင်စုလမ်းအထိ လမ်းအရှည် - ၂၅၀၀ ပေရှိ လမ်းဘေးဝဲယာ၌ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ်၊ မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျာင်းသူများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက် ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး (၆/၂၀၂၅) တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး (၆/၂၀၂၅) ကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နိုင်ငံတော်မှ လုပ်ငန်းရှင်များအား ထုတ်ချေးပေးထားသည့် ချေးငွေများ အပြည့်အဝပေးသွင်းရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

နိုင်ငံတော်မှ လုပ်ငန်းရှင်များအား ထုတ်ချေးပေးထားသည့် ချေးငွေများ အပြည့်အဝ ပေးသွင်းရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့ အ.ထ.က ကက်သာ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ဟုမ္မလင်းမြို့နယ်၊ ကက်သာစံပြကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း သရဖီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အ.ထ.က ကက်သာ၌ ၂၀၂၅ ခုနှစ်၊  (၇၈)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ်စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁း၃၀)နာရီက ဟုမ္မလင်းမြို့နယ်၊ ကက်သာစံပြကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းစာသင်ခန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင်အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်သည့်စနစ် အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်သည့်စနစ် အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းအခမ်းအနားကိုဇူလိုင်လ ၁၁ ရက် မွန်းလွဲပိုင်းတွင်  စစ်ကိုင်းမြို့ နှစ် ၇၀၀ အားကစားကွင်း မိုးလုံလေလုံခန်းမ၌  ကျင်းပခဲ့သည်။ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့   သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး