ကန့်ဘလူ ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အကြိုဓမ္မပူဇာအဖြစ် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို တပို့တွဲလဆန်း ၁၀ ရက် ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲက အဆိုပါစေတီတော်လိုဏ်အတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ နတ်ပေး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသထံတော်မှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ၏ မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့်တာဝန်ရှိသူများက လှူဖွယ် ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းကို အလှည့်ကျဆရာတော်များက ငါးရက်တိုင်တိုင်ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း