စစ်ကိုင်းမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပွဲကျင်းပ

စစ်ကိုင်း ဇန်နဝါရီ ၂၈

စစ်ကိုင်းမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းလင်းချစ်က ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှတ်တမ်း ဗီဒီယိုအားပြသခဲ့ပြီးဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသော်တာထက်က ကာကွယ်ဆေးအမျိုး အစားများနှင့် ထိုးနှံပေးမည့်စုရပ်နေရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

နေလင်းအောင်