စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ပုဂ္ဂလိကမူကြိုကျောင်းများရှိ ကလေးသူငယ်များအား သဘာဝဘေးအန္တရာယ်များဖြစ်သည့်မီးဘေး၊ ရေဘေး၊ ငလျင်ဘေးဆိုင်ရာ အသိပညာများရရှိစေရေးအတွက် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ရွှေဘိုခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန၊ ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ရွှေဘိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော ကြီးကြပ်ရေးအဖွဲ့က ရွှေဘိုမြို့နယ်အတွင်းရှိ မူကြိုကျောင်းများတွင် သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲများဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၅ ရက် နံနက် ၁၀နာရီတွင် ရွှေဘိုမြို့ အမှတ် (၃) ရပ်ကွက်၊ TWINKLE ပုဂ္ဂလိကမူကြိုကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀)ဦးနှင့်ဆရာမများကို ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်က မီးဘေး၊ ငလျင်ဘေးနှင့် ရေဘေးဆိုင်ရာများအား အသိပညာပေးဟောပြောပြီး ရွှေဘိုမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်မြတ်တိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အသက်ကယ်ပစ္စည်း (Rescue Tool) များအသုံးပြုမှုနှင့် မီးငြှိမ်းသတ်မှုသရုပ်ပြသခဲ့သည်။