ရေတာရှည်မြို့နယ်၌ တောင်ငူခရိုင်ပြည်သူ့ဆေးရုံ ဓါတ်မှန်အထူးကုဆရာဝန်ကြီးနဲ့အဖွဲ့ Mobile Ultrasound ဖြင့် အခမဲ့ကွင်းဆင်း ဆေးကု
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဓါတ်မှန်အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့သည် Mobile Ultrasound ဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသခြင်းကို ဆရာဝန်ကြီး ဒေါက်တာ ခိုင်စန္ဒာလင်း ဦးဆောင်၍ အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ၌ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။